Part-9

101 2 0
                                    

👑 ဘယ်သူကိုယ့်လောက်ချစ်မလဲ 👑

            အပိုင်း(၉)

အလန့်တကြားထအော်လိုက်မိသော မာနခေါင်ဖျားနှုတ်ခမ်းလွှာလေးတွေ လျှပ်တပြက်ဖိပိတ်ခံလိုက်ရ၏။ထို့နောက် ဦးသျှောင်က သူမကိုဖက်၍ ဟိုလူမမြင်အောင်ခြုံထဲမှာပုကပ်နေရသည်။

သူတို့ရှေ့ကခြုံထဲကို လူရှိနေသည့်အမှတ်နဲ့သဲကြီးမဲကြီးရှာနေရာ ပုန်းအောင်းနေရင်းမာနခေါင်ဖျားမျက်နှာမှာ ချွေးတွေဆို့လာ၏။မီးရောင်တဝင့်ဝင့်နဲ့တစ်ဖက်ခြုံကြီးထဲမှာတစ်ယောက်၊ မလှမ်းမကမ်းမှာလည်းအုပ်စုလိုက်ရှာဖွေနေရာ သူမအသက်ရဲရဲမရှူဝံ့။

လူမိုက်တစ်စု၏အရိပ်အခြေကိုအကဲခတ်ရင်း ဦးသျှောင် သတိမလပ်ထားနေရသည်။တစ်ယောက်နှစ်ယောက်လောက်ဆို ပြဿနာမရှိ။သူ အသာလေးဖိုက်လိုက်ရုံပင်။

ဟိုဘက်ကဆေးသမားတွေရောဖိုက်တာလိုလိုဘာလိုလိုကောင်တွေရော စုစုပေါင်းငါးယောက်။ကိုယ့်ဘက်ကမိန်းကလေးပါနေတာမို့ မလှုပ်သာ။

အနီးအနားမှာရှာနေကြတာ အချိန်မရွေးသူတို့ပုန်းနေရာဆီရောက်လာနိုင်၍လှုပ်ရှားဖို့အသင့်ပြင်ထားရသည်။

အို..။မာနခေါင်ဖျားမျက်နှာလေး မှောင်မှောင်မဲမဲထဲမှာနီစွေးသွားသည်။ဒီဘက်ကိုဖျတ်ခနဲအလှည့်မှာ သူမရဲ့နှုတ်သီးဖျားလေးကသူ့ပါးပြင်ကိုပွတ်တိုက်ထိခတ်ပြီးနစ်ဝင်သွားလျှင် တစ်ကိုယ်လုံးအနေခက်ထူပူမှုဖြင့် ရှိန်းရှိန်းထသွားသည်။ရင်ခုန်သံတွေလည်း တဒိန်းဒိန်း မြည်ဟီး၏။စိုးရိမ်ထိတ်လန့်နေသောကြောက်ရွံ့စိတ်တွေပါ တခဏမေ့သွားစဥ်..၊

"ကျော်ကြီး...ပြန်လာခဲ့၊ဟိုထိပ်ကပြန်စောင့်မယ်၊ သူတို့ဝေးဝေးမပြေးနိုင်ပါဘူး"

"ဟိုဘက်တစ်လမ်းကိုပြေးတာပဲနေမယ်၊အဲဒီဘက်လိုက်ကြရအောင်"

"တောက်!...လွတ်သွားတာနာတယ်ကွာ၊ ကောင်မလေးက တကယ့်နတ်သမီးလေး၊ ပိုက်ဆံရောလူရောအနားရောက်မှပုတ်ချခံရတယ်လို့ကွာ.."

မကျေနိုင်မချမ်းနိုင်ပြောဆိုပြီး ထွက်သွားကြသည့်အထိ နောက်ကိုလှည့်တကြည့်ကြည့်။ဆေးသမားတွေ ပိုက်ဆံထက်မိန်းကလေးကိုအာရုံဝင်စားသွားကြဟန်တူသည်။ ခြေသံတွေတဖြည်းဖြည်းဝေးကာ ဝင်လာသည့်လမ်းကနေလူရိပ်တွေပျောက်ကွယ်သွားမှ ဦးသျှောင်သက်မချမိတော့၏။

ဘယ်သူကိုယ့်လောက်ချစ်မလဲWhere stories live. Discover now