Part-4

141 3 1
                                    

👑 ဘယ်သူကိုယ့်လောက်ချစ်မလဲ 👑

             အပိုင်း(၄)

YBSစီးလာကတည်းက အဆင်မပြေမှုသည် ကျောင်းဝင်းထဲခြေချမိမှပိုဆိုး၏။ကျောင်းဖွင့်တာ တစ်လကျော်ပြီဆိုတော့ မတက်လို့လည်းမဖြစ်။ အရင်ရက်တွေကပျက်ထားတာလည်းများနေပြီ။ ကိုယ့်အကြောင်းနဲ့ကိုယ်ဆိုပေမယ့် နောက်ဆုံးနှစ်ကို အထိအရှမခံနိုင်။

"သူများမိဘတွေလို သားသမီးတွေအတွက် ပစ္စည်းဥစ္စာအမွေပေးစရာမရှိဘူး၊ မေမေပေးနိုင်တာ ပညာပဲ၊ ပညာဆိုတာ ဘယ်သူ့မှခိုးလို့ဝှက်လို့လဲမရဘူး၊လုယူလို့လည်း ပါမသွားဘူး၊ မေမေပေးနိုင်တဲ့ဒီအမွေလေးကို သားရအောင်ယူရမယ်"တဲ့။ မေမေဖြစ်စေချင်တဲ့ဆန္ဒကို မပယ်ရှားရက်တော့သည့်နောက် ဘွဲ့တစ်ခုကိုမဖြစ်မနေယူဖို့ဖြစ်လာခဲ့သည်။

ဆင်းရဲချမ်းသာမညီမျှတာ ကံတရားပေမယ့် ဆင်းရဲဒုက္ခတွေကိုခါးစည်းခံလာရတဲ့အခါ ထိုမပြည့်စုံခြင်းက အပြစ်တစ်ခုလိုဖြစ်လာ၏။လောကမှာဘာကအရေးအကြီးဆုံးလဲ..။ရင်ဘတ်ထဲမှာ အနက်ရှိုင်းဆုံးရှိနေသည့်အဖြေပင်။ ဂုဏ်ပကာသနတွေနဲ့အတ္တတွေကိုအရောင်ရင့်ဆုံးနေရာမှာထားတဲ့လူကုံထန်အချို့အတွက် ငွေဆိုတာဒုတိယဘုရားသခင်။

ဓနဂုဏ်တွေနဲ့ပိုင်းခြားတဲ့နောက်မှာ မပြည့်စုံတဲ့ဆင်းရဲသားဆိုတာ နင်းပြား..။

"ပျံဝဲလာပါပြီ..တို့အချစ်ငှက်ကလေး ဟိုမှာ"

"ဘယ်လိုလဲကွ...တို့ကိုလည်း ဖီးလင်လေးဘာလေးမျှပေးပါဦး"

"ဒီကောင် ရုပ်တည်ကြီးနဲ့ တို့ကိုဒိုင်လျှိုနေတာကွ"

သူလျှောက်လာတာမြင်တော့ ဖြတ်သွားဖြတ်လာကောင်မလေးတွေကို ငေးနေသည့် ရှင်းမြတ်တို့သုံး​ယောက်မျက်နှာက ရယ်ကျဲကျဲ။အရင်ကဆို ကိုယ့်မှာသူတို့ကိုပြန်စောင့်ရသည့်အဖြစ်။မကြည်လင်သောစိတ်က အပိုးမကျိုးသောမျက်နှာတွေကြောင့် မျက်မှောင်ကုတ်ခြင်းသို့ရောက်ကာ..၊

"အဲဒါ ဘာဖြစ်နေတာလဲ၊မျက်နှာတွေက.."

သုံးယောက်စလုံးကို ဘုကြည့်ကြည့်၍ ခုံမှာထိုင်ချလိုက်လျှင် သောက က ရှင်းမြတ်ကိုမျက်စပစ်ပြ၏။ထို့နောက် သုံးယောက်သား သူ့ကိုကြည့်၍ ရယ်နေပြန်သည်။

ဘယ်သူကိုယ့်လောက်ချစ်မလဲWhere stories live. Discover now