👑 ဘယ်သူကိုယ့်လောက်ချစ်မလဲ 👑
အပိုင်း(၃၆)
"တော်သင့်ပြီ ဦးသျှောင်၊မင်း များနေပြီ"
"ပေးစမ်းပါ၊ မူးချင်လို့သောက်တာ၊ ဒီလောက်မြိုချနေတာတောင် ငါ မမှောက်သွားသေးဘူး၊ လဲချင်လဲ ကွဲချင်ကွဲပါစေ ပစ်ထားလိုက်"
အာလေးလျှာလေးဖြစ်နေသည့် ဦးသျှောင်ကိုကြည့်၍ ဝီရတို့ခေါင်းရမ်းမိကြသည်။ ပျော်စရာလည်းအတူတူ၊စိတ်ညစ်စရာရှိလည်းမျှဝေခံစားနေကြမို့ ဒီကိစ္စဖြစ်တော့ လေးယောက်တိုက်ခန်းမှာပဲသောင်တင်သည်။
သတ်မယ်ဖြတ်မယ်တကဲကဲနှင့် သူကငြိမ်သွားပြန်တော့ ပုလင်းထောင်လျက်။ ဆက်တီခုံမှာမှီကာ ကြမ်းခင်းပေါ်ဒီတိုင်းခပ်လျောလျောမှီထိုင်နေသည့် ဦးသျှောင်ဘေးတစ်ဝိုက်မှာ ဘီယာဗူးခွံတွေပျံ့ကြဲနေပုံက ဖရိုဖရဲဆန်၏။ ဒူးတစ်ဖက်ထောင်ထိုင်နေသည့်အပေါ် ပြန်တင်ထားသည့်လက်ထဲတွင် အရက်ခွက်ကိုင်လျက် တစ်ဖက်ကစီးကရက်ကိုနှုတ်ခမ်းတွင်တေ့၍ဖွာရှိုက်လျက်။ တလွင့်လွင့်တက်သွားသည့် မီးခိုးငွေ့တွေနောက် လိုက်ပါသွားသော မျက်လုံးတွေက မှေးစင်းလျက် လမ်းတစ်ဝက်တွင်ခပ်စိုက်စိုက်ပြန်ကျ၏။
"မင်း ခုလိုအလဲလဲအကွဲကွဲသောက်နေတော့ရော မာဖျားကိုမေ့သွားသလား"
"အဟက်!...သောကဆိုတဲ့ကောင် မင်းရယ်စရာတွေတော်တော်ပြောပါလားကွ၊ မေ့ချင်လို့ မူးအောင်သောက်နေတာ၊ ခု ငါ ထင်သလောက်မမူးသေးတော့ သူ့ကိုမမေ့သေးဘူး၊ ဒါကြောင့် ငါ့အသိစိတ်တွေလွတ်တဲ့အထိသောက်မယ်.."
"ကျစ်!.."
သောကက စိတ်ပျက်သလို ကျစ်သပ်၏။ ဝီရနှင့်ရှင်းမြတ်က ဆက်တီခုံပေါ်ကနေ အရုပ်ကြိုးပြတ်ထိုင်နေသည့် ဦးသျှောင်ကိုတစ်လှည့်၊ စားပွဲပေါ်က တစ်ဝက်ကျိုးနေသည့်အရက်ပုလင်းကိုတစ်လှည့်ကြည့်ပြီး ခေါင်းရမ်းကြ၏။
ဒီတိုက်ခန်းရောက်ကတည်းက ထင်တိုင်းသောင်းကျန်းနေသည့် ဦးသျှောင်ကို သူတို့လွှတ်ထားလိုက်ကြတာ လောလောဆယ်ဝေဒန ာတွေသက်သာလိုသက်သာငြားဆိုပြီးတော့ပါ။ ဘီယာတွေတစ်ဗူးပြီးတစ်ဗူးမော့်လိုက်၊ ဂီတာကို သံစဥ်မဟုတ်ဘဲ တစ်ဒေါင်ဒေါင်တီးလိုက်နှင့်။ ဦးသျှောင်ဘာလုပ်လုပ်မပြောကြဘဲ သူတို့ဒီအတိုင်းကြည့်နေတာက သူ့စိတ်ကိုထွက်ပေါက်ပေးထားခဲ့ခြင်းမျိုးသာ။
YOU ARE READING
ဘယ်သူကိုယ့်လောက်ချစ်မလဲ
Romanceအလှမ်းကွာလွန်းပြီးမတူညီတဲ့အသိုင်းအဝိုင်းနှစ်ခုကနေမွေးဖွားလာတဲ့သူတို့နှစ်ယောက် တက္ကသိုလ်တစ်ခုတည်းမှာအမှတ်မထင်ဆုံရာက...မာနခပ်ကြီးကြီးကောင်လေးနဲ့ခပ်စွာစွာမာနကြီးကြီးကောင်မလေးတို့အမုန်းတွေကြားကနေဘယ်လိုချစ်သွားမလဲဆိုတာ....(မင်းသားကခပ်ကြမ်းကြမ်းနဲ့အရွဲ့ဆ...