👑 ဘယ်သူကိုယ့်လောက်ချစ်မလဲ 👑
အပိုင်း(၅)
"ဘုတ်!.."
"ဟဲ့!..ဖြည်းဖြည်းလုပ်ပါ မာဖျားရဲ့၊ အထဲကပစ္စည်းတွေကွဲကုန်ပါ့မယ်"
အိတ်ကိုခုံပေါ်ပစ်ချလိုက်တာ သက်သောင့်သက်သာမဟုတ်။ စူပုပ်ပုပ်မျက်နှာနှင့်ခုံမှာ ဆောင့်အောင့်ဝင်ထိုင်လိုက်သည့် မာနခေါင်ဖျားကို ရတီမိုးမြင့်နှင့်ဇူးထက်မြက် တစ်ယောက်ကိုတစ်ယောက်မျက်စပစ်ပြမိ၏။
ဟိုကိစ္စလိုင်းပေါ်ပျံ့သွားတာမှ မကြာသေးဘူး ဘာဖြစ်လာရပြန်တာလဲ။
"လူရမ်းကား.."
"ဟင်!...ဘယ်သူ"
"မကျေနပ်ဘူး...လုံးဝမကျေနပ်ဘူး တစ်ခုခုပြန်လုပ်ပစ်ရမှကျေနပ်မယ်"
"ဒုန်း!...ဒုန်း!..ဒုန်း!..."
"ဟဲ့!..ဟဲ့!.."
ခံပြင်းစိတ်နှင့် ခုံကိုတစ်ဒုန်းဒုန်းထုချလိုက်မိသည်။ ရတီရောအထက်ပါ မျက်လုံးပြူးကာ သူမလက်တွေကိုဆွဲထားကြ၏။
"ဘာဖြစ်တာလဲ၊ အမယ်လေး!..အမေဂျမ်းဝင်လာသလားဟယ်"
"သူများတွေကြည့်ကုန်ပြီ မာဖျား၊စိတ်လျော့စမ်း"
သတိဝင်လာကာ နောက်ကိုအသာလှည့်ကြည့်လိုက်မိသည်။အယ်!..။ မာနခေါင်ဖျား မျက်နှာလေးရဲခနဲဖြစ်သွား၏။စိတ်ရှိလက်ရှိပြုမူပြီးမှ သူမကိုဝိုင်းကြည့်နေကြတာ တစ်ခန်းလုံးလိုလိုပင်။ထိုင်နေတာက အလယ်ရိုးရဲ့ထိပ်ဆုံးခုံမှာ။ ရှေ့ဆုံးမှာထိုင်ရမှ ကျေနပ်တတ်သည့်သူမ..ရှေ့ဆုံးမှာထိုင်ပြီး ကိုယ်ကနောက်ကိုဂရုမစိုက်ပေမယ့် အားလုံးက ကိုယ့်ကိုမြင်နေသည်။ဒါပေမယ့်...ခဏပါပဲ။ မျက်နှာကချက်ချင်းတည်တည်လေးဖြစ်သွားကာ အရှေ့ကိုအိန္ဒြေရရပြန်လှည့်လိုက်၏။
"ဘာဖြစ်လာတာလဲ.."
"ဘာဖြစ်ရမှာလဲ ဟိုကောင်ပေါ့"
ထိုသို့အစချီကာ ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တော့ မျက်လုံးတွေပြူးသွားကြ၏။
"ဟယ်!...မိုက်ရိုင်းလှချည်လား.."
"ငါပြောသားပဲ ဟိုကဘယ်လောက်တောင်အငြိုးထားနေပြီလဲလို့"
YOU ARE READING
ဘယ်သူကိုယ့်လောက်ချစ်မလဲ
Romanceအလှမ်းကွာလွန်းပြီးမတူညီတဲ့အသိုင်းအဝိုင်းနှစ်ခုကနေမွေးဖွားလာတဲ့သူတို့နှစ်ယောက် တက္ကသိုလ်တစ်ခုတည်းမှာအမှတ်မထင်ဆုံရာက...မာနခပ်ကြီးကြီးကောင်လေးနဲ့ခပ်စွာစွာမာနကြီးကြီးကောင်မလေးတို့အမုန်းတွေကြားကနေဘယ်လိုချစ်သွားမလဲဆိုတာ....(မင်းသားကခပ်ကြမ်းကြမ်းနဲ့အရွဲ့ဆ...