👑 ဘယ်သူကိုယ့်လောက်ချစ်မလဲ 👑
အပိုင်း(၂၁)
"ဘယ်သူလုပ်တာလဲ၊ ငါ့သားကိုခုလိုဖြစ်အောင်လုပ်တဲ့ကောင်တွေကို ရအောင်ဖမ်းပြီးထောင်ချပေးစမ်းပါ စခန်းမှူးရယ်"
စစ်ချက်ယူနေသည့် ရဲဝန်ထမ်းတွေနှင့်လူနာခန်းထဲမှာ ရှုပ်နေသည်။
"ကိုမင်းခြားနားနဲ့ရန်ငြိုးရန်စရှိဖူးသလားခင်ဗျ၊ စီးပွားရေးနယ်ပယ်မှာဖြစ်ဖြစ် တစ်ခုခုပေါ့"
စခန်းမှူးအမေးကို ဒေါ်ထက်မြင့်စံကခေါင်းခါရင်း..၊
"သားကြီးမှာ ဘယ်လိုရန်ငြိုးရန်စမျိုးမှမရှိပါဘူး၊ ဒီအသက်ဒီအရွယ်အထိ ရန်လည်းတစ်ခါမှမဖြစ်ဘူးပါဘူး၊ အလုပ်ထဲမှာလည်း ကြီးကြီးမားမားပြဿနာမျိုးမရှိပါဘူး၊ ဒါ..သက်သက်ယုတ်မာတာ၊ တရားခံတွေကိုအမြန်ဆုံးမိအောင်ဖမ်းပေးစမ်းပါ"
သွေးအလိမ်းလိမ်းနှင့်မြင်ရက်စရာမရှိသော သားရုပ်သွင်ကိုကြည့်၍ ဒေါ်ထက်မြင့်စံအံကြိတ်ဆိုမိသည်။သို့သော် မျက်ရည်တော့တစ်စက်လေးတောင်ကျမနေပါ။ကိုယ့်သားကို မသေမရှင်ဖြစ်အောင်ဝိုင်းရိုက်ကြတဲ့ လူယုတ်မာတွေကို အမှုန်ကြိတ်ပစ်ချင်သည်။
"ဟုတ်ပါတယ် စခန်းမှူးရယ်၊ ကျွန်မတူလေးက လူငယ်ပေမယ့်ရမ်းရမ်းကားကားလည်းမနေပါဘူး၊ တစ်ခါမှလည်းရန်ဖြစ်တယ်၊ရုံးရောက်ဂတ်ရောက်လည်းမရှိဖူးပါဘူးရှင်၊ ဘယ်လိုကြောင့် ခုလောက်အထိလုပ်ကြမှန်း မတွေးတတ်တော့ပါဘူး၊ အမှုမှန်အမြန်ဆုံးပေါ်အောင် ဖော်ထုတ်ပေးပါ"
ဒေါ်ထက်မြင့်မာန်က မျက်ရည်လေးတစမ်းစမ်းနှင့်။ မျက်ရည်မကျပဲ ခံနိုင်ရိုးလား။ သတင်းကြားကြားချင်း လိုက်သွားတော့တာဝန်သိပြည်သူတစ်ယောက်က ဆေးရုံပို့လိုက်ပြီတဲ့။တစ်ခါဆေးရုံကို အပြေးလိုက်သွားကြတော့ သားကြီးပုံစံက သွေးတွေရွှဲနစ်ကာမြင်ရက်စရာမရှိ။မျက်လုံးတွေပြာမူးနောက်ကာ သတိလစ်မတတ်ပင်ဖြစ်သွားခဲ့ရ၏။
အုပ်စုလိုက်ဝိုင်းရိုက်ခံရသတဲ့။ ဘယ်လောက်ရင်နာစရာကောင်းလိုက်သလဲ။ချက်ချင်းဆိုတော့ ထူပူကာဘာမှမတွေးနိုင်ပဲ ဒင်းတို့ကိုသတ်ပစ်ချင်သည့်အထိပင်။
YOU ARE READING
ဘယ်သူကိုယ့်လောက်ချစ်မလဲ
Romanceအလှမ်းကွာလွန်းပြီးမတူညီတဲ့အသိုင်းအဝိုင်းနှစ်ခုကနေမွေးဖွားလာတဲ့သူတို့နှစ်ယောက် တက္ကသိုလ်တစ်ခုတည်းမှာအမှတ်မထင်ဆုံရာက...မာနခပ်ကြီးကြီးကောင်လေးနဲ့ခပ်စွာစွာမာနကြီးကြီးကောင်မလေးတို့အမုန်းတွေကြားကနေဘယ်လိုချစ်သွားမလဲဆိုတာ....(မင်းသားကခပ်ကြမ်းကြမ်းနဲ့အရွဲ့ဆ...