👑 ဘယ်သူကိုယ့်လောက်ချစ်မလဲ👑
အပိုင်း(၃၈)
"မောင်သိပါတယ်ကွာ၊ဒါ့ကြောင့်လည်း မင်းကို မောင် မစွန့်လွှတ်ရဲအောင်ချစ်ရတာပေါ့၊ခု မောင်တို့လက်ထပ်ပြီးပြီ ဘယ်သူမှမောင်တို့ကိုတားဆီးလို့မရတော့ဘူး".
"ဘယ်လိုအကြောင်းနဲ့မှ မောင်နဲ့အဝေးမခံနိုင်ပါဘူး၊မောင်က မာနရှိတယ်၊ တစ်ခါတစ်လေကျတော့ ကြောက်မိတယ်၊ မောင့်မာနထက် မာဖျားကိုပိုချစ်ပါ့မလားလို့"
ပူပင်သလိုလေးပြောပြီး မာဖျားက ခေါင်းလေးကို သူ့ပခုံးစွန်းပေါ်တင်ကာ ပွတ်တိုက်နေ၏။ ဦးသျှောင် နှုတ်ခမ်းတွေ ပြုံးသွားရပြီး မြင်နေရသည့်နဖူးစပ်နှင့်ဆံစလေးတွေကို အသာနမ်းရှိုက်မိကာ...၊
"မောင့်မှာမာနရှိချင်ရှိမယ်၊ အဲဒါ အချစ်ကိုမယုံကြည်တဲ့လူတစ်ယောက်ကအသက်လောက်ချစ်မိသွားလို့ပဲ မာဖျား"
"မောင်.. "
"ဟင်.."
"တကယ်လို့ မေမေတို့နဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့ခဲ့ရင် မောင်စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့နော်၊မာဖျားနဲ့ပက်သက်ရင် သူတို့က မောင့်မိဘတွေပဲမဟုတ်လား၊ ဘာဖြစ်ဖြစ် သူတို့ကလူကြီးတွေပါ၊ မိဘလို့မသတ်မှတ်နိုင်ခဲ့ရင်တောင် မာဖျားကိုသူတို့လည်းသိပ်ချစ်ကြလို့ပဲလို့တွေးပေးပါ မောင်ရယ်နော်.."
အင်းလို့ ကတိမပေးပေမယ့် ကိုယ်ဟာလူရိုင်းမဟုတ်။ဒါပေမယ့် ခေါင်းမာတတ်သည့်ဗီဇက သူတို့နှင့်ပက်သက်ပြီး ဒဏ်ရာတွေကို မမေ့တတ်အောင်သတိပေးနေကြ၏။ အားလုံးသောအမုန်းတရားများသည် ထိုမိသားစုတစ်ခုလုံး လောင်မြိုက်ကျနေသော်ငြား သူတို့၏ရင်နှစ်သည်းခြား သမီးလေးကိုတော့ သူ နှလုံးသားတစ်ခုလုံးပုံ၍ချစ်ခဲ့မိပြီ။ မာဖျားသည် ထိုအမုန်းတရားများနှင့်ကင်းမဲ့ဇုန်တွင် သီးခြားရှိနေခဲ့ပြီး သူတို့ကိုမုန်းတီးခြင်းသည်လည်း နှလုံးသားတွင် ဘယ်တော့မှပျက်ယွင်းသွားတော့မည် မဟုတ်။
"မောင် ကတိမပေးနိုင်ဘူးမို့လားဟင်၊ မောင် ဘယ်လိုခံစားရမလဲဆိုတာ နားလည်ပါတယ်၊ နားလည်လို့လည်း ထိပ်တိုက်တွေ့ခဲ့ရင် မောင့်ကို မမှားယွင်းစေချင်တာပေါ့၊ မေမေတို့မျက်စိထဲမှာ မောင်ဟာလူဆိုး၊လူရမ်းကားတစ်ယောက်လို့မမြင်စေချင်ဘူး၊ ဒါဟာ မောင့်ကိုချစ်လွန်းလို့ဆိုတာ မောင်နားလည်တယ်မို့လားဟင်.."
YOU ARE READING
ဘယ်သူကိုယ့်လောက်ချစ်မလဲ
Romanceအလှမ်းကွာလွန်းပြီးမတူညီတဲ့အသိုင်းအဝိုင်းနှစ်ခုကနေမွေးဖွားလာတဲ့သူတို့နှစ်ယောက် တက္ကသိုလ်တစ်ခုတည်းမှာအမှတ်မထင်ဆုံရာက...မာနခပ်ကြီးကြီးကောင်လေးနဲ့ခပ်စွာစွာမာနကြီးကြီးကောင်မလေးတို့အမုန်းတွေကြားကနေဘယ်လိုချစ်သွားမလဲဆိုတာ....(မင်းသားကခပ်ကြမ်းကြမ်းနဲ့အရွဲ့ဆ...