👑 ဘယ်သူကိုယ့်လောက်ချစ်မလဲ 👑
အပိုင်း(၃၄)
"ဟ!...ဦးသျှောင် နေပါဦး၊ အဲလို စိတ်လိုက်မာန်ပါလုပ်လို့ဘယ်ဖြစ်မလဲ"
ရှင်းမြတ် က ထိတ်ထိတ်ပြာပြာထဆွဲ၏။သူတို့တောင် တက်ခေါက်အံကြိတ်မိသည့်အထိ အံ့သြခံပြင်းနေတာ ကာယကံရှင်ဖြစ်သည့် ဦးသျှောင်ဆို ပြောနေစရာမလိုတော့။ လည်ပင်းဖက်ပေါင်းလာသူတွေမို့ ပါးစပ်ကဘာတွေပြောနေနေ ဦးသျှောင် ချစ်တာ သူတို့သိသည်။
အမြဲတမ်းကွမ်းယာဝါးမပျက် သွေးအေးခဲ့သူက ကွမ်းယာပင်မစားနိုင်တော့။ မျက်လုံးတွေနီရဲကာ အံကြိတ်ထားသည့် မေးကြောကြီးတွေတင်းနေတာ၊ လက်သီးဆုပ်ထားသည့် လက်နှစ်ဖက်စလုံး တဆတ်ဆတ်တုန်နေတာကို ကြည့်ပြီး စိတ်မကောင်းဖြစ်ရ၏။ ဒေါသတကြီးနှင့် လှုပ်လှုပ်ရှားရှားထဖြစ်တာ ဦးသျှောင်ဘဝမှာ ဒါ ပထမဆုံး။
"မင်းစိတ်ကို ခဏလျှော့ထားစမ်း ဦးသျှောင်၊ ဒီအချိန်က သွေးဆူရမဲ့အချိန်မဟုတ်ဘူး၊ကိစ္စတစ်ခုကို ခေါင်းအေးအေးထား ဆုံးဖြတ်ရမှာ"
"ဘာကွ!...သူလက်ထပ်သွားတာကို ငါကဒီအတိုင်းလက်ပိုက်ကြည့်နေရမှာလား ဟေ့ကောင်.."
"ဟာ!...ဦးသျှောင်.."
ဆွဲထားသည့်လက်ကိုဆောင့်ရုန်းပစ်ပြီး ရှင်းမြတ်အကျီစကိုဆွဲ၍ဆောင့်တွန်းပစ်သည်။ နောက်ကိုပက်ခနဲယိုင်သွားပြီးမှ ရှင်းမြတ်က ကိုယ်ကိုပြန်ထိန်းကာ..၊
"မင်းကို ဒီအတိုင်းလက်ပိုက်ကြည့်ခိုင်းတာ မဟုတ်ဘူး၊ ခုတောင် ဘာမှမဟုတ်ဘဲ သူတို့ဘက်က ပိပိရိရိလှုပ်ရှားနေတာ၊ မင်းသွားသောင်းကျန်းလိုက်ရင် မင်းအတွက်အခွင့်အရေးက မိုင်းနပ်ဖြစ်သွားမှာကို ငါကပြောပြတာ "
အမှန်တွေထောက်ပြတော့ ဦးသျှောင်ငြိမ်ကျသွားသည်။သူ ငြိမ်သွားတာကို အခွင့်ကောင်းယူလျက် သောကက ရှေ့တိုးလာကာ..၊
"မာဖျားကို ဖုန်းဆက်ပြီး အကျိုးအကြောင်းမေးကြည့်ပါလား"
နီရဲနေသည့် မျက်လုံးတွေ သောကထံလွင့်ခနဲဝေ့လာပြီးမှ ဘောင်းဘီအိတ်ထဲက ဖုန်းကိုထုတ်ယူသည်။ ကွန်တက်၏ထိပ်ဆုံးက နာမည်လေးကိုနှိပ်ခေါ်နေသည့် လက်တွေက ဒေါသကြောင့်တဆတ်ဆတ်တုန်ခါလျက်။
YOU ARE READING
ဘယ်သူကိုယ့်လောက်ချစ်မလဲ
Romanceအလှမ်းကွာလွန်းပြီးမတူညီတဲ့အသိုင်းအဝိုင်းနှစ်ခုကနေမွေးဖွားလာတဲ့သူတို့နှစ်ယောက် တက္ကသိုလ်တစ်ခုတည်းမှာအမှတ်မထင်ဆုံရာက...မာနခပ်ကြီးကြီးကောင်လေးနဲ့ခပ်စွာစွာမာနကြီးကြီးကောင်မလေးတို့အမုန်းတွေကြားကနေဘယ်လိုချစ်သွားမလဲဆိုတာ....(မင်းသားကခပ်ကြမ်းကြမ်းနဲ့အရွဲ့ဆ...