"မင်တိုင်းပြည်ကိုသိပ်မကြာခင်ရောက်တော့ပါမယ်.......''
သင်္ဘောပဲ့ထိန်းသူရဲ့စကားကြောင့် မျှော်လင့်တကြီးဖြင့် မင်တိုင်းပြည်ရှိရာသို့ လှည့်ကြည့်လိုက်သည်။ ဆိုင်းရက်စ်နဲ့တွေ့ရတော့မည်။
သို့ပေမယ့် မမျှော်လင့်မိစွာ။ မင်တိုင်းပြည်၏အပေါ်တွင် တိမ်နီများနှင့် မိုးကြိုးများကဆော့ကစားနေလေသည်။ တိုင်းပြည်အပေါ်တွင်သာ တည်ရှိနေခြင်း။
"ဘာဖြစ်လို့ပါလိမ့်.......''
မင်းသမီး၆က စိုးရိမ်ပူပန်စွာတီးတိုပြောသည်။
ဆိပ်ကမ်းနှင့်နီးကပ်လာသည်နှင့်အမျှမြင်လိုက်ရတာ ရုန်းရင်းဆန်ခတ်ပင်။
ပြည်သူတွေ။ ရေထဲခုန်ဆင်းပြေးတဲ့လူကပြေး။ သင်္ဘောနဲ့ပြေးတဲ့သူကပြေး။ လှေငယ်လေးနဲ့ပြေးတဲ့သူကပြေး နှင့်။
ဆိပ်ကမ်းမှာကပ်လိုက်သည်နှင့် အမြန်ပင်ဓားကိုဆွဲကာ သင်္ဘောပေါ်မှပြေးဆင်းလိုက်သည်။
ဆိပ်ကမ်းနှင့်အနည်းငယ်အကွာမှာ ပျက်စီးလောင်ကျွမ်းချက်ရှိနေသော အိမ်နှင့်ဆိုင်များ။ နောက်ပြီး အချင်းချင်းတိုက်ခိုက်လျက်ရှိသောရဲမက်များ။
"မင်းသား၂.....မင်းသားငယ်.....''
သွေးသံရဲရဲနှင့်ပြေးလာသော ရဲမက်တစ်ယောက်က သူတို့ကိုကြည့်ရင်း
"ချိန်ရှီး.......''
မင်းသား၂ကျန်းခဲ့ရှင်းက ရဲမက်ကို တွဲပေးထားလိုက်သည်။
"အိမ်ရှေ့စံမင်းသားဟောင်းက.....အောက်လမ်းမှော်အတတ်တွေသုံးပြီး.....တိုင်းပြည်ကိုပုန်ကန်နေပါတယ် မင်းကြီးနဲ့အခြားသူတွေနန်းတော်တွင်းမှာပါ.....ထူးခြားတဲ့အရံအတားကြောင့် ကျတော်တို့လိုသာမန်လူတွေ ဝင်လို့မရပါဘူး......''
"ဆိုင်းရက်စ်........''
ရင်ထဲတွင်ဗလောင်ဆူလှသည်။ ဆိုင်းရက်စ် ဘာမှမဖြစ်ပါနဲ့ဦး။
____________________
ပြေးထွက်သွားသော မင်းသားငယ်ကိုကြည့်ရင်း သူပါပြေးလိုက်သွားမိမတတ်ပင်။
YOU ARE READING
The Secret Of Red Rose (Ongoing)
Romanceနှင်းနီပွင့်လေးတစ်ပွင့်ပါဘဲ ဆူးအပြည့် လျှို့ဝှက်ချက်အပြည့်နဲ့ပေါ