"ဒါဆိုရှင်က.....ကျမတူလေးအတွက်လာတာပေါ့......''
"အင်း........ဧကရီလျို......''
မျက်ဝန်းညိုညိုလေးက သူ့အားအကဲခတ်စွာပင်။
"ရှင်က......မင်တိုင်းပြည်ကတောင်မဟုတ်ဘဲနဲ့.....ဘာ့ကြောင့် ကိစ္စတိုင်းကိုဝင်ရောက်စွက်ဖက်နေရတာလဲ......''
"မင်းကြီးက ကိုယ့်ကိုတာဝန်ပေးလိုက်တာကို....ငြင်းလိုက်လို့မှမရဘဲ.....''
ဧကရီလျိုမင် က သူ့ကိုသေချာစိုက်ကြည့်နေသည်။
"ရှင်က သိပ်ချောမောတာဘဲ........ရှင်ကျမရဲ့နန်းတော်ထဲကိုခြေချကတည်းက အမျိုးသမီးလေးတွေက ရှင့်ကိုဘဲ...တွေ့ချင်နေကြတယ်......''
အစေခံမိန်းကလေးတစ်ချို့ကို ငဲ့ကြည့်လိုက်တော့ မျက်နှာရဲလျက် သူ့အား ခိုးကြည့်နေသည်ကိုတွေ့လိုက်ရသည်။
"ဧကရီလျို.......လျိုကျိန်းဝေကို.....လေ့ကျင့်ပေးနိုင်မလား......''
"ကျမကမ်းလှမ်းတဲ့ကိစ္စတစ်ခုကိုလုပ်ဆောင်ပေးမယ်ဆိုရင်ပေါ့......''
"ဘာကိစ္စများလဲဧကရီလျို......''
"ကျမသမီးနဲ့......လက်ဆတ်ပေးပါ......''
မမျှော်လင့်ထားသောစကား။
"ကျမက ရှင့်ကို ကောင်းကောင်းတင်တောင်းမှာမို့.....ကျမရဲ့.......''
"မရဘူး........''-လျိုကျိန်းဝေ
"ကျိန်းဝေ......မင်း......''-ဆိုင်းရက်စ်
"ငါထင်သားဘဲ........မင်းရဲ့စွမ်းရည်ကမဆိုးလှပါလား.....''-ဧကရီလျိုမင်
ထင်သားဘဲဆိုသောစကားနှင့်ကျိန်းဝေကိုသာ သတိပေးသည့်အကြည့်ဖြင့်ကြည့်နေလိုက်သည်။
"ကျမသူ့ကိုသင်ပေးဖို့လက်ခံပါတယ်......ပါရမီရှင်ဆိုတာ....အလကားကောလဟာလမှမဟုတ်ဘဲ......''
ဧကရီလျိုမင်က လက်ဖက်ရည်ခွက်အား လှပကျော့ရှင်းစွာသောက်နေသော်လည်း လျိုကျိန်းဝေရဲ့အကြည့်များကဦးရီတော်စီတွင်သာ။
"ဆိုင်းရက်စ်နောက်လိုက်လာလိုက်တာမှန်သွားတယ်.......''
လျိုကျိန်းဝေက နားနားကပ်ကာ တိုးတိုးတိတ်တိတ်ပြောသည်။
YOU ARE READING
The Secret Of Red Rose (Ongoing)
Romanceနှင်းနီပွင့်လေးတစ်ပွင့်ပါဘဲ ဆူးအပြည့် လျှို့ဝှက်ချက်အပြည့်နဲ့ပေါ