"မင်းတို့ကမရိုးသားတဲ့ဆက်ဆံရေးမှန်းဒေါ်လေးသိပါတယ်.......ဒါပေမယ့်.......ယောက်ျားသားနှစ်ယောက်.......မင်းတို့က ကံကြမ္မာအရကို မပေါင်းဖက်ရမယ့်သူတွေဘဲ........''-ဧကရီလျိုမင်
(ဝေတိုင်းပြည်ဧကရီလျိုမင်)
ကျွန်းငယ်ရှိရာသို့ပြန်သွားသည့်သင်္ဘောပေါ်တွင် သူ့အတွေးတွေရှုပ်ထွေးနေရသည်။ ဧကရီလျိုမင်ပြောလိုက်သည့်စကားကလည်း မမှား။
"ဒေါ်လေးပြောသလိုသာဆိုရင်.......ကျတော်ကံကြမ္မာကိုပြန်ပြင်ရေးမယ်.......ကျတော့်ဘေးမှာ......ဆိုင်းရက်စ်ဘဲရှိရမယ်......''
(လျိုကျိန်းဝေ မင်တိုင်းပြည်၏မင်းသား၇)[ယခင်]
သူ့စကားအဆုံးမှာ ကော့တက်သွားသော နှုတ်ခမ်းထောင့်စွန်းလေးအားမေ့ရမည်မဟုတ်ပေ။ ဒေါ်လေးဧကရီလည်း သူနဲ့ဆိုင်းရက်စ်ကို သဘောတူသည့်ပုံပင်။
"ဘာလို့ဆိုင်းရက်စ်က....အဲ့လိုရက်စက်တဲ့စကားတွေပြောရတာလဲ.......''
".........''
တဖက်မှ တိတ်ဆိတ်နေသော 'အချစ်'ဓားရှည်အား လက်ဖြင့် နှစ်ချက်ဖွဖွလေးရိုက်ပစ်လိုက်သည်။
"ဆိုင်းရက်စ်ကအရမ်းဆိုးတယ်......ကိုယ့်ရဲ့ချစ်ရသူကိုအဲ့လိုပြောရလား........''
YOU ARE READING
The Secret Of Red Rose (Ongoing)
Romanceနှင်းနီပွင့်လေးတစ်ပွင့်ပါဘဲ ဆူးအပြည့် လျှို့ဝှက်ချက်အပြည့်နဲ့ပေါ