39(Unicode)

8 0 0
                                    

လခြမ်းကွေးလေးက ကောင်းကင်ပေါ်တွင်သူတတ်နိုင်သလောက် အလင်းပေးနေလေသည်။

"ကိုကို......နေလို့မကောင်းဘူးလား......''-ကျန်းခဲ့ရှင်း

"ကိုယ်အဆင်ပြေပါတယ်.......''

မီးပုံကြီးတစ်ခုပုံထားပြီးဘေးပတ်လည်တွင် ကလေးတွေထိုင်နေကြသည်။ အသားကင်တွေနှင့် သေရည်နှင့် ငယ်ရွယ်လွတ်လပ်မှုကို သေချာခံစားနေကြလေသည်။

ဦးရီးတော်ဖြစ်တဲ့သူကတော့ နည်းနည်းဝေးသည့်နေရာမှာ။ သူက ပျော်ပွဲရွှင်ပွဲအဲ့သလောက်မှ သဘောမကျဘဲ။

"ကိုကို......ဒီခရီးစဉ်က နည်းနည်းမထူးဆန်းလွန်းဘူးလား........ကျတော့်အထင်တော့နန်းတော်ထဲကနေအကုန်လုံးကိုပထုတ်လာသလိုဘဲ.....''-ကျန်းခဲ့ရှင်း

ကျန်းခဲ့ရှင်းစိတ်ပူပန်သည်ကိုသူနားလည်သည်။

"ကိုယ်နားလည်တယ်........ကိုယ်မနက်လင်းတာနဲ့......ဝေတိုင်းပြည်ကို လိုက်ပါရမယ်.......ကိုယ့်မှာလည်း ထိန်းချုပ်နိုင်တဲ့အာဏာရှိပါတယ်.......ကိုယ်ကာကွယ်မှာပါ.......''

"ဘာကနေလဲကိုကို......''-ကျန်းခဲ့ရှင်း

ငါကိုယ်တိုင်စီကရော တခြားအန္တရာယ်တွေဆီကပါ ကာကွယ်ပေးမှာပါ။

"အန္တရာယ်မဖြစ်အောင်လို့......ကာကွယ်ပေးမှာ......''

ကျန်းခဲ့ရှင်းက သူ့လို ပွဲသဘင်မကြိုက်သူ။ သူ ဘေးတွေအဖော်ပြုပေးနေရှာသည်။ သူ့လက်ကိုငုံ့ကြည့်လိုက်တော့ လရောင်ဖျော့ဖျော့အောက်မှာတောက်ပနေပါသည့် ကျောက်စိမ်းလက်စွပ်ကလေး။

"ကိုကိုတောင် စိတ်လိုလက်ရပြုံးတတ်နေပြီဘဲ........လျိုကျိန်းဝေကို တကယ်သ​​ဘောကျ
တာလား.......''-ကျန်းခဲ့ရှင်း

"အင်း......''

မတုံ့မဆိုင်းဘဲ ပြန်ဖြေမိသည်က ထိုမျှသာ။

"ဒါကသင့်တော်ရဲ့လားကိုကို......''-ကျန်းခဲ့ရှင်း

မီးပုံဘေးတွင် သေရည်ခွက်အားမော့လျက် ပြုံးပျော်နေသော လျိုကျိန်းဝေအား ကြည့်နေမိသည်။

"မသင့်တော်ဘူး.......ကိုယ်သိတယ်......ရှောင်ကျူ.......ကိုယ်မင်းကို တစ်ခုစိတ်ချချင်တယ်......''

The Secret Of Red Rose (Ongoing)Where stories live. Discover now