အပိုင်း(၃)

221 6 0
                                    

"Miss Cafe" တွင် စွမ်းစာအုပ်တစ်အုပ် စိတ်ဝင်တစားဖတ်နေတုန်း စိတ်ကဘဲထင်နေတာလား တစ်စုံတစ်ယောက် အဲ့ဒီကလေး လာမှာကို သူကျိန်းသေသိနေတယ် တိုးအောင်တို့ဘာတွေပြောနေလဲဆိုတာ သူအာရုံမရောက်နိုင် စွမ်းတငေးတမောနှင့်ကြည့်လိုက်မိတာကတော့ cafe ထဲဝင်လာသည့် သူမျှော်နေသည့် အသက်ကလေး🤍

မလှမ်းမကမ်းဝိုင်းမှာ သက်တို့ထိုင်လိုက်ပြီး ဝိတ်တာကိုတခုခုကိုမှာပြီးတဲ့အထိ စွမ်းမျက်တောင်မခတ်ကြည့်နေတာ ဒီကလေးမမသိလောက်ပါ ခုလဲ ဘာတွေအလုပ်ရူပ်နေမှန်းမသိ လွယ်လာသည့်အိတ်သေးသေးလေးထဲ ပစ်စည်းတစ်ခုခုကို ရှာဖွေနေဟန်ထင်ရသည်

"လမင်း ငါနူတ်ခမ်းနီသေချာထည့်လာတာ မတွေ့တော့ဘူး"

"စိတ်မပူနဲ့ ငါပါတယ် သူငယ်ချင်းလေး ဒါနဲ့လေ ခနနေ ငါ့အသိ မိန်းကလေးရော၂ယောက်ရောလာမှာနော် "

"ဟမ် လမင်းနော် ငါသူတို့ကိုသိတာမှမဟုတ်တာ နေရခက်တာပေါ့ အဲ့တာနဲ့များ ငါ့ကိုမရမကလိုက်အောင်ခေါ်သေးတယ် "

"မဟုတ်ပါဘူး သက်လေးရဲ့ စားချင်တာစား စာအုပ်တွေဟိုဘက်စဉ်မှာ အများကြီးကြိုက်တာယူဖတ် "

"အဲ့ဆို နင့်ပုံတွေကျ ဘယ်သူကရိုက်ပေးမှာတုန်း"

"နင်စိတ်မပူနဲ့ အဲ့အမက photographer တဲ့ promotion ချတယ်ပြောတာ ငါလဲရိုက်ဖို့ ပြောထားလိုက်တာ ငါလဲမြင်ဖူးသိဖူးတဲ့သူမှမဟုတ်တာ အဲ့ကြောင့် နင့်ကိုခေါ်ခဲ့တာပေါ့ အလကားမခေါ်ခဲ့ပါဘူးနော် ခိုင်းလဲမခိုင်းစားဘူး လူဘဲခေါ်လာတာ စားချင်တာမှာစား ငါကျွေးမယ်ဟုတ်ပြီလား "

"ဒီလိုမှပေါ့ အဲ့ဆိုတခုခုဆိုငါ့ခေါ်လိုက် ငါစာအုပ်တန်းဘဲသွားလိုက်အုံးမယ်"

လမင်းက လက်မနှင့်လက်ညိုးကိုကွေးကာ
အိုကေဆိုသည့်sign ဖြင့် ခေါင်းညိတ်အပြီး သက် စာအုပ်စဉ်ဘက်ထွက်လာလိုက်သည်

စာအုပ်တွေက တော်တော်ကိုစုံတာရယ် စာရေးဆရာမကြီးတွေအကုန် နာမည်ကြီးစာအုပ်တွေအကုန်ရှိနေရော သက်အတွက်တော့ စာအုပ်တွေဟာ နိဗ္ဗာန်ဘုံပါဘဲ စာအုပ်လေးတစ်အုပ်နှင့် လူတိတ်ဆိတ်နဲ့နေရာမှာ ထိုင်ပြီး စိတ်ကူးလေးတွေလွင့်နေရတဲ့ ခံစားချက်ကို သက်အရမ်းကြိုက်

အေးချမ်းရာ Where stories live. Discover now