အပိုင်း(၅)

318 7 0
                                        

"တူ တူ တူ " သက် စာမေးပွဲရှိတာကို အကြောင်းပြပြီး ဒီရက်ပိုင်း စွမ်းကိုရှောင်နေလိုက်သည် စာဖြင့်သာအဆက်အသွယ်လုပ်ကာ ဖုန်းတောင်သိပ်မပြောဖြစ်ပါ
ခုဖုန်းဆက်လာတာ သူမှန်းသိတော့ သက်ပိုလိုတောင် မကိုင်ချင် သက်သူနှင့် ပြောတိုင်း အမြဲအားနာစိတ်ကပိုရသည်

"ဟယ်လို "

"သက် စာလုပ်နေတာမလား ကိုယ်ခုကျောင်းဘေးနားမှာ သက်ခေါင်းကြည်အောင် သံပုရာရည် ဝယ်လာပေးတာ သောက်မယ်မလား"

"အယ် အားနာစရာကြီး သက်ကိုကြိုပြောတာမဟုတ်ဘူး ခနနော် သက်ထွက်လာလိုက်မယ်"

သက်ဘေးဘီကြည့်တော့ အားလုံးကစာကိုအာရုံစိုက်လုပ်နေကြသည်မို့ သက်လစ်ခနဲကျောင်းရှေ့ထွက်လာခဲ့သည်

စွမ်းက သက်စာမေးပွဲရှိတာကြောင့် အရာရာနားလည်ပေးသည် ဒီကျောင်းပြီးသွားရင် ပိုပြီးအချိန်ပေးနိုင်တော့မှာမို့ ခုသူမလောပါ သက်သူ့ကိုတဖြည်းဖြည်းချစ်လာမည်ကိုလည်း သူယုံကြည်ထားတာကြောင့်ပါ တစ်ပတ်လုံး စွမ်းဘက်က စ၍ဆက်သွယ်တာကများသည် တွေ့ဖို့ပြောတိုင်းလည်း သက်က ကျောင်းကိစ္စတွေအကြောင်းပြတော့ သူလဲမငြင်းနိုင်ရာ သူစိမ်းတစ်ယောက်ရဲ့စိတ်ကိုနားလည်ဖို့ဆိုတာ လွယ်ကူသည့်ကိစ္စမဟုတ်တော့ သူ့ဘက်ကသာ သက်ကို စိတ်ရှည်ရှည်နှင့် စောင့်ရမည်

စွမ်း လွမ်းနေမိသည် သူတို့ဆုံတွေ့သည့် အကြိမ်ရေက လက်ချိုးရေလို့ရပေမယ့်လည်း သူ သက်ကို လွမ်းနေမိသည် သို့သော်သက်သူ့ကို အားကိုးစေချင် မှီခိုစေချင်သည် ဒါကြောင့် သူအမြဲ လူကြီးတစ်ယောက်လို နားလည်ပေးသည် အချိန်ပေးသည် အကြံညဏ်ပေးတတ်သည် သူတို့နှစ်ယောက်ကြားထဲ ပွင့်လင်းမှုတစ်ချို့လိုအပ်နေသည်ဆိုတာကို စွမ်းတစ်ယောက်မေ့နေခဲ့သည်

ခုတော့လွမ်းနေသည့် မျက်နှာလေးကိုမြင်လိုက်ရပါပြီပြေးထွက်လာသည့် သက်က ညအိပ်ဝတ်စုံ ပန်းနုရောင်လေးနှင့်အလွန်လိုက်ဖက်လှသည် သက်ဟာအသားအရည်ဖြူတာကြောင့် အရောင်နုနုလေးတွေဟာ သက်မျက်နှာကို ပို၍ဝင်းလက်စေသယောင်

"ဘာလို့ပြေးလာတာလဲ သက်ရဲ့ ဖြည်းဖြည်းလာလဲရတာကို စာတွေဘဲအရမ်းဖိလုပ်မနေနဲ့ ခေါင်းတွေနောက်နေမယ်"

အေးချမ်းရာWhere stories live. Discover now