အပိုင်း(၁၉)

17 3 0
                                    

"ဘာလို့ ငိုနေသေးတာလဲ နန်းရဲ့"

နန်းဟာ ဒီလိုပုံစံနှင့်အိမ်မပြန်ချင်သေးတာ ရှိန်းသိတာကြောင့် လေယာဉ်ကွင်းလမ်းဘက်သို့ ဖြည်းဖြည်းလေးမောင်းလာခဲ့သည် ညဘက်ဆို ထိုလမ်းဟာ
ဆိုင်ကယ်တို့ ကားတို့မောင်းလျှင် အလွန်ခံစားမှုကောင်းစေသည် ဘေးပလက်ဖောင်းပေါ်တွင် ထိုင်ရန်ခုံတန်းလေးတွေရှိပြီး တဖြုတ်ဖြုတ်ပွင့်နေသော စက္ကူပန်းများဟာ ရောင်စုံပွင့်လန်းနေသည်

ရှိန်းတို့နှစ်ယောက်အပြင် အခြားစုံတွဲများ သူငယ်ချင်းများပါ ဝိုင်းအုံကာ ကျွန်းပင်ကြီးများအောက်ရှိ မြက်ခင်းပြင်ပေါ်တွင် ဂီတာတီးသူကတီး မုန့်ဝိုင်းဖွဲ့စားသူများကစားနေသည် လူငယ်သဘာဝပျော်ပါးကြသည်ဟာ အမှတ်တရကောင်းများအတွက်သာ ဖြစ်သည်

ရှိန်းမေးနေသော်လည်း အနည်းငယ်မျှ စွေ့စောင်းမကြည့်အပြင် ကျနေဆဲဖြစ်သော မျက်ရည်တွေကို မသုတ်ဘဲ ရှေ့သို့သာ ငေးလျက် မျှော်လင့်ချက်မရှိသူလို ငိုနေသော နန်းလေးကို ရှိန်းမကြည့်ရက်တာကြောင့် ဘေးသို့ကားရပ်ချလိုက်ကာ တစ်ရူးထုတ်လိုက်ပြီး နန်းမျက်နှာကို တယုတယသုတ်ပေးနေသည်

"မောင် ရောက်လာပြီလေ နန်းရဲ့ ဘာလို့ငိုနေသေးတာတုန်း"

"အဟင့် ဟင့် "

ချော့ခံရသည့်ကလေးက ပိုငိုတတ်သည်တဲ့လေ
နန်းဟာ ခုမှ တိုင်ပြောဖို့ အားကိုးရာ သူကိုတွေ့သလို
အားကုန်ချ အော်ငိုလိုက်သည်

"ဟော လာလာ မောင့်ရင်ခွင်ထဲဘဲငိုပါ နန်းက တစ်ကယ့်ကလေးလေးလိုဘဲ မောင်ရှိတယ် ဟုတ်ပြီလား မောင်အမြဲနန်းဘေးရှိနေတယ်"

နန်းဟာ ရင်ထဲရှိသော ဝမ်းနည်းမှုတွေနာကျင်မှုတွေအားလုံးကို မျက်ရည်အဖြစ် မောင့်၏ ရင်ခွင်ထဲ ဖြိုက်သွန်းလိုက်သည်

"ငိုလို့ဝသွားပြီလား"

"အင်း"

"ဗိုက်ဆာနေရောပေါ့ ရော့ နန်းကြိုက်တဲ့ ခေါပုတ်ကြော်"

"ဟင် ဘယ်ကယူလာတာလဲ"

"မောင်ကိုယ်တိုင်ကြော်ထားတာပါ အာ ဟ "

အေးချမ်းရာ Where stories live. Discover now