အို ဒီလူဘယ်ကတည်းကရောက်နေတာပါလိမ့် သက်လွယ်အိတ်လေးကိုအတန်ကြာကြည့်နေတာမြင်တော့ လိုချင်တယ်လို့ သူထင်သွားတာနေမှာ
"အာ မဟုတ်တာ သက်က အဲ ညီမက ဒီတိုင်းလှလို့ကြည့်ကြည့်တာ" နင်သေလိုက်တော့ သက်ရေ ဘာလို့ ဒီကောင်ရှေ့ ထစ်ထစ်ငေါ့ငေါ့ဖြစ်နေတာတုန်း သူ့ကြိုက်နေတယ်ထင်နေဦးမယ် သက်လို့ ပြောတာ အကျင့်ကဖြစ်နေတော့ ပြောမိသွားတာရယ်
"အဟွန့် ဆရာမလေး အကြာကြီး ကြည့်နေတာ မြင်လို့ပါ တခုခု သိချင်ရှိရင် ကျွန်တော်ကိုမေးလို့ရပါတယ်ဗျ"
စွမ်းတစ်ယောက် အသံလေးထွက်အောင်ရယ်မိလိုက်သည် ဒီကလေးမကို သူကြည့်နေတာ ကျောင်းတံခါးပေါက်ထဲစဝင်တည်းကပင် နူတ်ခမ်းလေးစူနေတာလေးက ချစ်စရာလေးပင် စွမ်းဟာ မိန်းမမြင်ရင်မနေနိုင်သူတော့မဟုတ်ပါ မြင်မြင်ချင်းချစ်သည်ဆိုတာလဲ မောင်စွမ်းဘဝမှာမရှိဖူးပါ သို့သော် ဒီကလေးမကို သူဘာလို့ သတိထားမိတာပါလိမ့် ဟောခုလဲ သူရှေ့မှာစကားတွေပြောမှားနေတဲ့ သက်ဆိုတဲ့ချစ်စရာကောင်းလွန်းတဲ့ဆရာမလေးကို သူအူးယားလွန်းလို့ရယ်လိုက်မိပြီ သူ့ကိုတစ်မျိုးမြင်တော့မလားဘဲ
"ရပါတယ် ညီမ လက်ရာလေးတွေကြည့်တာ အရမ်းသေသပ်လို့ပါ ညီမတောင်ဒါမျိုးတွေမထိုးတတ်ဘူး ဒါနဲ့ ဆရာက ဒီမှာအလုပ်လုပ်တာကြာပြီးလား"
သက်တကယ်သိချင်လို့ သူ့ကို ကြည့်ပြီး မေးတော့ သူက လက်ကိုနောက်ပစ်လိုက်ရင်း ကိုယ်ဟန်သပ်လိုက်သည် သက်မေးသမျှကို စိတ်ရှည်စွာနဲ့ဖြေရှာတယ် ပြုံးနေလိုက်တာမျာဍ ဒီလူကတော့ မိန်းမတိုင်းဒီလိုပြုံးပြနေတာလား အမြင်ကတ်စရာ သူဟာ ၂၅နှစ်တဲ့ သက်ထက် ၄နှစ်တောင်ကြီးတယ်ရယ်တက္ကသိုလ်ဘွဲ့ရပြီး ဒီမှာvolunteer အနေနဲ့လာလုပ်တာသက်တမ်းမကြာသေးပေမဲ့ sign language တွေကိုလေ့လာပြီး ကလေးတွေနဲ့လက်တွေ့ပြောကျင့်နေတာလို့သိခဲ့ရတယ် ၂ယောက်တည်းအကြာကြီးနေနေလျှင် သူများပြောစရာ ထင်စရာတွေဖြစ်ကုန်မည်ကို သက်စိုးရိမ်မိသည့်အတွက် စကားလှည့်ပြီး လမင်းတို့ရှိရာ ထွက်လာလိုက်သည်
အတန်ကြာ လည်ပတ်ကြည့်ကာ ကလေးများနှင့်ပါ sign language အနည်းငယ်ဖြင့် အပြန်အလှန်ပြောကြည့်ခဲ့ပြီး သက်တို့ ပြန်ဖို့ အချိန်လဲတန်ပြီဖြစ်သည်
ဒီနေ့တော့ သက်တို့ field ဆင်းတာ ဒီလောက်ဘဲပေါ့နော် ပြန်နားမယ် ရေမိုးချိုး အိပ်တော့မယ်လို့ တွေးတွေးပြီး သက်တစ်ယောက် ပျော်မြူးနေမိသည် ထိုစဉ် လမင်းက
YOU ARE READING
အေးချမ်းရာ
Romanceနန်းဟာ မပြတ်သားခဲ့ဘူး🌸 ဒီဝတ္ထုက ဖတ်ရတာ နည်းနည်းတော့ မွန်းကြပ်ချင်စရာကောင်းပါတယ် နန်း character က မပြတ်မသားဖြစ်နေလို့ပါ