အပိုင်း(၂၁)

366 7 0
                                        

ကျွန်မနှင့်မောင်ဟာ ဂုဏ်ရည်တွေ အဆင့်အတန်းတွေကိုမက်မောခဲ့သူမဟုတ်ပါ တစ်ယောက်အပေါ်တစ်ယောက် ယုံကြည်အားကိုးကြကာ ရှေ့ဆက်နေကြသူများသာ ခုဆို ဆေးရုံတစ်ခွင်လုံး နန်းတို့ကိစ္စတွေမွှေးနေရောပေါ့ ဘယ်သူဘယ်ဝါက ဖွလိုက်သည် မသိပေမယ့်လည်း အမှန်တရားဟာ ကြာကြာမဖုံးဖိနိုင်
သိလည်းသိပါစေပေါ့ နန်းက ဘာမှားနေလို့လည်း
ကျွန်မသည် အားကိုးရာရှိနေသည်ကြောင့်လား မပြောတတ် မည်သူကိုမှ မကြောက်မိပါ သို့သော် နန်း ကောင်တာဘက် ပြန်လျှောက်လာစဉ် မရွှေတို့ဆီက မမျှော်လင့်ထားသည်ကို ကြားလိုက်ရသည်

"အေးလို့ ငါတော့ သက်ကို အဲ့လိုမထင်ခဲ့ဘူးဟယ်"

"အေးဆို ကြည့်တော့မခုတ်တတ်တဲ့ကြောင်လိုနဲ့ဟယ် ခိုးစားနေကြတာများ ရှက်လိုက်တာ"

"အဲ့ဆရာကဖြင့် ငယ်ငယ်လေး"

"အမလေး ခုကအစမို့ပါ ကြာရင် ရိုးပြီးထားခဲ့ခံရမှာဘဲ"

"အမှန်ဘဲ ဘယ်ကောင်မှ သူ့လိုလွယ်တဲ့ကောင်မကို မယူဘူး"

"စိတ်ကူးတွေယဉ်နေတာနေမှာပေါ့ဟယ် "

ဘုရားဘုရား ထိုကဲ့သို့နားဝင်ဆိုးလှသည့် စကားများ
မိန်းမတစ်ယောက်ကို ရစရာမရှိပြောနေသည့် သူများဟာ မိန်းမတွေသာဖြစ်နေသည် နန်းမထင်ထားမိပါ
အမြဲအနေအထိုင်ဆင်ခြင်ခဲ့ရာ တနေ့ထဲတွင် နန်းဟာ သူတစ်ပါး တံတွေးခွက်ထဲ ရောက်ပြီး ပြောစရာဖြစ်နေရသည်တဲ့လား မောင့်ကို ချစ်မိတာ ကျွန်မမှားပြန်တာလား ကျွန်မထပ်မှားပြန်ရတာလားကွယ်

<<<<<<<<<<<<<<<<>>>>>>>>>>>>>>

"ဘာ တိုးအောင် မင်းတစ်ကယ်ပြောနေတာလား"

"အေး"

"ဟ မင်းဒါတော့အရမ်းလွန်သွားပြီ စွမ်းသိရင် မင်းတော့ ဟာကွာ"

"ငါလုပ်တာ မမှားဘူးကွ အဲ့မိန်းမအနည်းဆုံးဒီလောက်တော့ခံသင့်တယ်မလား "

ဟုတ်သည် တစ်ဆေးရုံလုံးသိအောင်သတင်းဖြန့်သူဟာ တိုးအောင်ဖြစ်သည် စွမ်းကို သူ့နောက်ကောင်ရှေ့အရှက်ခွဲခဲ့တာကြောင့် သူမလဲ ထိုကဲ့သို့ ခံစားရမည်
တိုးအောင်ဟာ သူ့လုပ်ရက်အတွက် မှားသည်ထင်ပုံမရပါ

အေးချမ်းရာWhere stories live. Discover now