"အဆင်ပြေလား အနာသက်သာအောင် ဆေးထိုးပေးထားတယ် အရင်ကရော ထိုးဖူးလား"
"ဟင့်အင်း ဒီလိုတောင် အရမ်းမနာဖူးဘူး"
သူနာပြုခန်းထဲ ပွေ့ချီလာပြီးနောက် ရှိန်း သူမကို
အနာသက်သာအောင် ဆေးထိုးပေးလိုက်သည်
သူနာပြုခန်းထဲ ယောကျာ်းလေးဆရာဝန်တစ်ယောက်က ကြာကြာနေရင် သူများပြောစရာဖြစ်မှာစိုး၍ ရှိန်းကိစ္စပြီးစီးပြီးထွက်လာခဲ့သည်
သူမကို စိတ်ပူပေမယ့် တစ်ခုခုဆို သက်ကိုဘဲ
ပြောဆိုကြမှာ သူမသိက္ခာထိခိုက်အောင် ရှိန်းမလုပ်ချင်
"အင်းးးး"
သံရှည်ဆွဲကာ အခန်းပြင်ထွက်လာပြီး စားပွဲခုံနား
သက်သွားထိုင်နေလိုက်သည် သက် ရှိန်းကို လိုက်ရှာကြည့်တော့ မတွေ့မိပါ ညီမလေးတွေ မေးကြည့်တော့ အပြင်ထွက်သွားတာတဲ့
"ဆရာ အပြင်ခဏထွက်သွားတယ် အမသက်"
"အင်း အင်း ညီမလေးတို့ နားချင်နားတော့နော် "
"ဟုတ်ကဲ့ အမ ရော မအိပ်သေးဘူးလား ဗိုက်နာနေတာကို "
"ရတယ် အမ ထိုင်နေရင် နဲနဲသက်သာလို့ သွားအိပ်နှင့်ကြနော်"
"ဟုတ် အမ"
ညပိုင်း အဖျားတိုင်းစရာရှိတာတွေအကုန် ရှိန်းလုပ်ပေးပြီးပြီလို့ ညီမလေးတွေက ပြန်ပြောသည် တော်ပါသေးရဲ့ မဟုတ်ရင် သက်ဒီထက် ပိုပင်ပန်းနေရမှာ ညဘက်ကြီး အပြင်ထွက်သွားတာဆိုတော့ သူ့ကိစ္စ သူရှိမှာပါလေ သက်လည်း ညီမလေးတွေကို နားချင်နားလို့ရကြောင်း ပြောပြီး ခနထိုင်နေလိုက်သည် တစ်ကယ်တော့ စိတ်ထဲတွင် ရှိန်း အပြန်လာကို မျှော်လင့်နေတာ သက်ကိုယ်တိုင်ဘဲသိလိမ့်မည်
"ဟင် ဘာလို့အပြင်မှာ လာထိုင်နေတာလဲ ဆောင်းတွင်းပါဆို အေးကအေးနဲ့ "
ရှိန်းပြန်လာတော့ ကျွတ်ကျွတ်အိတ်အမည်းရောင်ထဲ
ဘာတွေဝယ်လာမှန်း သက်မမြင်ရပေမယ့် ရောက်ရောက်ချင်း အပြင်စားပွဲမှာ ထွက်ထိုင်နေလို့ သက်ကို ဆူပါတော့သည်
"ရော့ ဒါ ရေနွေးအိတ် ဒါ ချောကလက်ပူပူလေး ဒါက
ညအိပ် သုံး pad "
YOU ARE READING
အေးချမ်းရာ
Romansနန်းဟာ မပြတ်သားခဲ့ဘူး🌸 ဒီဝတ္ထုက ဖတ်ရတာ နည်းနည်းတော့ မွန်းကြပ်ချင်စရာကောင်းပါတယ် နန်း character က မပြတ်မသားဖြစ်နေလို့ပါ
