အပိုင်း(၂၂)

145 5 0
                                    

မောင်ဟာ တစ်ကယ်ကလေးလေးလိုပင် စိတ်ကောက်နေတာကို မချော့ဘဲ မသိဟန်ဆောင်ပြုနေသည့် နန်းကို မောင်စိတ်မရှည်တော့သည်ထင်ပါရဲ့
မကြာလိုက်ပါ မောင်မှာပေးထားသည့် ပုဇွန်ထမင်းကြော်ရောက်လာပြီး မောင်ဟာ အလိုက်တသိ
ပုဇွန်ကောင်ကြီးကို အခွံခွါပြီးမှသာ ထမင်းကြော်ပန်းကန်ကို နန်းဆီ ကမ်းပေးသည်

"စိတ်ဆိုးနေတယ်ဆိုပြီး ဘာလို့ဒါတွေလုပ်ပေးနေတာတုန်း "

"နန်းမသိလို့မေးတာလား မောင် နန်းကိုဘယ်လောက်ချစ်ပြီး တန်ဖိုးထားလဲ နန်းသိလာမှာပါ "

"နန်းတောင်းပန်ပါတယ် "

"ဟင် "

"တစ်ကယ်တော့ နန်းလည်း သူတို့ပြောမှသိတာ
မောင့်ကို ဖုန်းဆက်ပြီးလှမ်းပြောဖို့လုပ်သေးတယ်
သူတို့ပြောနေတာကို နန်းဆက်နားမထောင်နိုင်တော့လို့
ဒီလိုဖြစ်သွားတာ မောင့်ကို တမင်မပြောတာမဟုတ်ပါဘူး "

"မောင့်ကို တောင်းပန်စရာမလိုပါဘူး
မောင်လိုချင်တာ တောင်းပန်တာမဟုတ်ဘူး
မောင့်ကို အားကိုးစေချင်တာ မောင့်ရဲ့ခံစားချက်တွေကိုရော အလေးထားပေးစေချင်တာ နန်းရဲ့"

"ဒါပေမယ့်လေ မောင့်ကိုကျေးဇူးလည်းတင်တယ်"

"ဘာလို့"

"မောင်ရောက်လာလို့ပေါ့ နန်းအားရှိသွားတာဘဲ
နန်းရဲ့ အားကိုးရာက မောင်ဘဲလေ မဟုတ်ဘူးလား"

"ဟုတ်ပါပြီ စားစား ဗိုက်ဆာနေတော့မှာ မောင်အစပ်လျော့ခိုင်းထားတယ် နန်းစားကြည့် အဆင်ပြေလား"

နန်း စားကြည့်ပြီး သိပ်မစပ်တာကြောင့် မောင့်ကို ခေါင်းပြန်ညိတ်ပြလိုက်သည်

"နန်းရော အဆင်ပြေလား"

"ဒါတွေက တနေ့ကျ ဖြစ်လာမှာဘဲလေ နန်းအဆင်ပြေပါတယ် "

"မောင့်ကို မညာပါနဲ့ ပြောပါ နန်းဘယ်လိုဖြစ်စေချင်လဲ "

"နန်းသဘောကို တစ်ကယ်သိချင်လား"

"အင်း"

"နန်းလေ နန်းကို ဘယ်သူမှမသိတဲ့အရပ်ကို ပြေးထွက်သွားချင်တယ် ခုအရမ်းမွန်းကြပ်တယ်လို့ ခံစားနေရတယ် "

အေးချမ်းရာ Where stories live. Discover now