" ညီမလေး instrument တွေ ဆေးလိုက်လို့ရပြီ"
"ဟုတ် ဆရာ "
"လကုန်ပြီဆိုတော့ လစာရတော့မှာပေါ့"
"ဟုတ်တယ် ဆရာ"
"ညီမလေးတို့က ငယ်သေးတယ် ငယ်တုန်းရွယ်တုန်း
ရသမျှပညာသင်ထား သိလား ဆရာတို့ဆို အသက်ကြီးတော့ ခုခေတ်နဲ့အလိုက် ဆေးပညာတွေ အကုန်ပြန်လေ့လာနေရတာ အသစ်အဆန်းတွေလိုဖြစ်လို့""ဟုတ်ကဲ့ ဆရာ"
ဒီနေ့လကုန်ရက်လဲဖြစ်တော့ လစာထုတ်ကြတော့မှာကိုတွေးပြီး သက်အလွန်ပျော်နေသည် မွေးလူနာများသောကြောင့် ဆရာထိန်လင်းတစ်ယောက် တစ်နေ့လည်လုံး အလုပ်ရူပ်နေသည် ပုံမှန်ဆို နေ့ခင်းဘက် မွေးကြတာ နည်းသော်လည်း ယနေ့တော့ ဘယ်သူက
Case လိုက်သည်မသိ မေမေဗိုက်တွေ အဆက်မပြတ်ရောက်လာပြီး ချက်ချင်းမွေးခန်းဝင်ကြရသည်"သက်ရေ အမဘက် လူနာလဲပြီးပြီနော် "
"ဟုတ် မဂျေ "
သားဖွားဆောင်တွင် သက် ဂျူတီဆင်းနေတာ ၆လကျော်ခဲ့ပြီ ဖြစ်သည် တစ်ခြားwardတွေကို ပြောင်းရွေ့ဖို့ စာကျလာပေမယ့် သက် မရွေ့မိပါ သက်ကိုယ်တိုင်က Gynecology နှင့်ပတ်သက်တာ ပို၍ စိတ်ဝင်စားတာကြောင့် ထို့အပြင် မာမီကိုယ်တိုင်သက်ကို သဘောကျတာရယ် ဆွဲထားသည်လည်းပါမည်
"တူ တူ တူ "
ဘေးကဆေးပုံးတွေပေါ် တင်ထားသည့် သက်ဖုန်းက အဆတ်မပြတ် တုန်ခေါ်နေပေမယ့် သက် ဆေးစရာရှိတာဆက်ဆေးနေသည် instrument တွေက sterile ဖြစ်ရမှာမို့ glove ဝတ်ထားသည်ကိုလည်း မချွတ်ချင်တာနှင့် သက်မကိုင်မိလိုက် ကိုကိုဆက်နေမှန်းလည်း သက်သိသည်
"မသက် ဖုန်းလာနေတာမလား ကိုင်ပေးရမလား"
သက်ကဲ့သို့ ခုမှ ကျောင်းဆင်းထားတာ မကြာသေးသည့် train nurse နန်းခမ်း က လက်အိတ်မထားသည်မို့ ကိုင်ပေးရမလားမေးလာသည်
"ရတယ် ညီမလေး အရေးမကြီးပါဘူး ခနနေမှ ပြန်ခေါ်လိုက်မယ် ဒါတွေက အကုန်ဆေးပြီးပြီနော် အမ ခုမှနေ့လည်စာသွားစားမလို့ ညီမလေး ပြန်ပေါင်းပေးလိုက်ရင် ရပြီ အမ ထားခဲ့ပြီနော် စိတ်ချမယ်နော်"
YOU ARE READING
အေးချမ်းရာ
Romanceနန်းဟာ မပြတ်သားခဲ့ဘူး🌸 ဒီဝတ္ထုက ဖတ်ရတာ နည်းနည်းတော့ မွန်းကြပ်ချင်စရာကောင်းပါတယ် နန်း character က မပြတ်မသားဖြစ်နေလို့ပါ