အပိုင်း(၁၀)

143 5 0
                                    

"သက်သက် ဂျူတီချိန်းပြီပေါ့"

"ဟုတ်တယ် မမရွှေရော မပြန်သေးဘူးလား"

"ပြန်တော့မလို့ဘဲ စစ်စတာက တို့ ရုံကို ဆရာဝန်အသစ်ကလေးတွေ ရောက်မှာတဲ့ အဲ့တာ နဲနဲပါးပါးကြိုဆိုရမှာပေါ့ "

"အဲ့ဆို သက်လဲ ခနစောင့်လိုက်မယ်လေ "

"ရပါတယ် သက်သက် ပြန်ချင်ပြန်လို့ရတယ်"

"မဟုတ်တာ မရွှေရဲ့ အရေးကြီးကိစ္စမရှိပါဘူး ခနနေမှမရွှေနဲ့တူတူပြန်ကြတာပေါ့ "

"သက်သက်တို့များ သိတတ်ပါ့"

မသိတတ်လို့လဲမရပါ ကိုယ့်ထက်အကြီးက မပြန်သေးတာကို သက်က အတင်းဇွတ်ပြန်လျှင် မကောင်းတတ်ပေ ဒီဆရာဝန်ပေါက်စတွေကလဲ ဒီနေ့ကျမှ လာရတယ်လို့ ကိုကိုနှင့် ဒီနေ့ ချိန်းထားတာလဲ ရှိသေးတော့ နောက်ကျတော့မှာလားဘဲ ကိုကိုအကြာကြီးစောင့်နေမှာစိုး၍ သက်ဖုန်းထုတ်က ကိုကို့ဆီစာပို့နေတုန်း

"Good evening ပါ အမ"

"Good evening ပါ ဆရာတို့ရေ ဒီရုံ ကတော့ ဆရာတို့မြင်တဲ့အတိုင်းပါဘဲ လူနာတွေကများပါတယ် ကျွန်မတို့ဆရာမ အင်အားကလဲ နဲတော့ အကုန်ဝိုင်းဝန်းဖေးမကြဖို့ မျှော်လင့်ပါတယ် "

ဆရာဝန် အမျိုးသား ၄ ဦး ရောက်လာပြီး စစ်စတာကြီးက အလုပ်ရူပ်နေတော့ မမရွှေကဘဲ ဒိုင်ခံ မိတ်ဆက်ပြောပေးနေသည် ဘယ်သူရောက်လာလာ သက်ကတော့ ကိုယ့်အလုပ်ကိုယ်မှန်အောင်လုပ်ရမှာပင် ဖုန်းတစ်ဖက်နှင့်စာရိုက်နေတော့ သူတို့ကို အာရုံမစိုက်အား ထိုစဉ် မမရွှေက တစ်ယောက်ချင်းစီမိတ်ဆက်ပေးရင်း သက်အလှည့်ရောက်လာသည်

"ဒီညီမလေး ၂ယောက် train တွေပေါ့နော်
ဒီတစ်ယောက်ကတော့ ဒီရုံအကြောင်း အသိဆုံးဘဲ
နာမည်က နန်းသက်ဖူးဝေ တဲ့"

"ဟုတ် နောက်ဆို အမြဲတွေ့ရတော့မှာဆိုတော့ မသိတာရှိရင် ပြောပြပါအုံး အမ နန်းသက်ဖူးဝေ"

"ဟုတ်ကဲ့ရှင့် ဟင် ဟိုကောင်"

လက်ကမ်းနူတ်ဆက်လာသော ဆရာဝန်ကြောင့် သက်ဖုန်းကိုအိတ်ထဲပြန်ထည့်လိုက်ကာ ကယောင်ကတမ်း လက်ပြန်ဆွဲနူတ်ဆက်လိုက်တော့
ဟိုအရိုင်းအစိုင်းကောင် ဖြစ်နေသည်

အေးချမ်းရာ Where stories live. Discover now