"စွမ်းလင်းလက်ရဲ့ မိသားစုတွေလား"
"ဟုတ် ကျွန်တော်တို့ သူ့ သူငယ်ချင်းတွေပါ"
"စိတ်မကောင်းပါဘူး ဆရာတို့အတတ်နိုင်ဆုံးကုပေမယ့် ဦးနှောက်ကိုထိပြီး သွေးထွက်လွန်တော့ ဘယ်လိုမှ ကုမရတော့လိုပါ လူနာက ည ၈:၃၅မှာ ဆုံးသွားပါတယ်"
"ဆရာ သေချာလို့လား ကျွန်တော် ကျွန်တော့် သူငယ်ချင်းခုမှ ငယ်ငယ်လေးပါ ဆရာကယ်ပေးပါ ဆရာ "
"ငတိုး မင်စိတ်ထိန်းဦး "
ဆရာဝန်၏ လက်ကို ဆွဲပြီး စွမ်းကိုကယ်ပေးဖို့ ဒူးထောက်မတတ်အော်ပြောနေသည့် တိုးအောင်ကို အားလုံးက သနားသလို ဝိုင်းကြည့်ကြသည် အခြားဝန်ထမ်းတွေလည်း စိတ်မကောင်းဖြစ်ရသလို
ထိုအခြေအနေကို တစ်ဖက်တွင်လည်း ရပ်ကြည့်နေသူက နန်းနှင့်မောင်သာ
"ဆရာတို့လည်းစိတ်မကောင်းပါဘူး အထဲမှာဝင်ကြည့်လိုက်ပါဦး"
"ကျွီ "
တံခါးဖွင့်သံအဆုံး ငတိုးခြေထောက်တွေဟာမခိုင်တော့ ဆေးရုံထဲက ကုတင်ထက် အောက်ဆီဂျင်နှင့် ဘယ်ညာလက်တွင် ဆေးတွေအဆက်မပြတ်ပေးထားပုံရသည့် ရူပ်ထွေးလှသည့် ကြိုးများစွာကြား စွမ်းမျက်နှာကို တွေ့လိုက်ရသည်
"စွမ်း မင်း ထ မင်း ထလို့ ငါမင်းကို ခွင့်မလွတ်သေးဘူး
ထလို့ ငါပြောနေတယ် ငါ့ကိုစတာဆိုလည်းတော်တော့ ဟျောင့်"
"ငတိုး စိတ်ထိန်းစမ်းပါ စွမ်းအတွက်လုပ်ပေးစရာရှိတာ ဆက်လုပ်ရမယ် မင်းစိတ်ထိန်းနိုင်ရမယ်ကွ"
"ကျွီ"
"အော် ရောက်လာပြီ ဟမ် ဘာလဲ ငါတို့ သူငယ်ချင်းသေသွားတာကို မင်းကောင်ပါခေါ်ပြီး လာကြည့်တာပေါ့လေ "
"ကျွန်မလည်း စိတ်မကောင်းပါဘူး ကျွန်မ"
"တော်တော့ မင်းရဲ့ အဲ့ပါးစပ်ကို ပိတ်လိုက်
နန်းသက်ဖူးဝေ မင်းသူနာပြုမဟုတ်ဘူးလားဟမ်
မင်းကုလေ မင်း စွမ်းကိုရှင်အောင်လုပ်ပေး "
ငတိုးဟာ စိတ်လွတ်သွားရကာ နန်းပခုံးနှစ်ဖက်ကို ဆွဲညစ်လိုက်သည် နန်းပြန်မရုန်းမိသလို လူအကြီးလို ဘာစကားမှမဆို ငတိုးသူမကို သတ်ချင်လည်း သတ်ပါစေတော့ဆိုပြီး စိတ်ပိုင်းဖြတ်ထားပုံရသည် ရှိန်းက ကြားထဲ ပြန်တွန်းထုတ်လိုက်ပေမယ့် ငတိုးဟာ သိပ်မလျော့ပါ
YOU ARE READING
အေးချမ်းရာ
Lãng mạnနန်းဟာ မပြတ်သားခဲ့ဘူး🌸 ဒီဝတ္ထုက ဖတ်ရတာ နည်းနည်းတော့ မွန်းကြပ်ချင်စရာကောင်းပါတယ် နန်း character က မပြတ်မသားဖြစ်နေလို့ပါ
