အပိုင်း(၁၆)

333 8 0
                                        

"ဟေ ဆရာရှိန်း ဒီနေ့ဆရာ့ဂျူတီလား "

"အာ မဟုတ်ဘူး မရွှေ ကျွန်တော် လေ့လာနေတဲ့ case(ရောဂါ) တစ်ခုလေးရှိလို့ လူနာအခြေအနေလာကြည့်တာ "

သူနာပြုတွေ အားလုံးဟာ နေ့လည်စာစားချိန်မို့ စားပွဲဝိုင်းပေါ် ကိုယ့်ချိုင့်ကို တင်ပြီး ဟင်းတွေချနေတုန်း ရှိန်းက ဝင်လာတော့ မရွှေ အံ့ဩသွားခြင်းဖြစ်သည်
မရွှေမှတ်မိသလောက် ရှိန်းဂျူတီမဟုတ်ပါ စပ်စုချင်တာလည်း ပါတော့ မေးမိလိုက်သည်

"အော် ဟုတ်လား ဘယ်လူနာလဲ မရွှေ ခေါ်ပေးလိုက်မယ်လေ"

"ရတယ် ရတယ် ကျွန်တော် သွားကြည့်လိုက်မယ် အေးဆေးစားကြပါ"

"အဲ့ဆိုလဲ ပြီးတာဘဲ "

"မရွှေ ဒီကောင်လေးက အလုပ်တော်တော်ကြိုးစားတာနော် ဆရာကြီးတောင် တစ်ခုခုဆို သူ့ကိုဘဲ လက်လွဲထားတာ "

မသိမ့်ပြောတာလည်း မှန်သည် ဒီကောင်လေးက ခုမှကျောင်းဆင်းသည်သာ ဖြစ်သော်လည်း စာတွေ့ရော လက်တွေ့ရော ကျွမ်းကျင်လှသည် ငယ်ငယ်ရွယ်ရွယ်
ရုပ်ရည် ခန့်ခန့်  ဒီအလုပ်ထဲမှာ အခြားဝန်ထမ်းရာထူးပေါင်းစုံကလည်း ရှိနေတော့ နောက်ကွယ်တွင် တိတ်တဆိတ် crush နေကြသော မိန်းကလေးတွေ မနည်းမနောတာကို မရွှေကြားမိသည်

ဟိုတလောကပင် ဓာတ်ခွဲက ကောင်မလေးတစ်ယောက် မောင်ရှိန်းကို ကော်ဖီဝယ်တိုက်တာ ငြင်းခဲ့သေးသည်တဲ့လေ  ဒီလိုကျတော့လည်း ခပ်ကင်းကင်းလေး နေတတ်ပုံရ၏

"အေး ဆရာဝန်ဆိုတာ ဒီလိုဖြစ်နေရမှာဘဲလေ
ထက်မြက်နေမှ ငါတို့လည်း အဆင်ပြေတာပေါ့"

"ဒါနဲ့ မရွှေ ဟိုတလောက ဓာတ်ခွဲက ကောင်မလေးကို အဲ့ကောင်လေး ငြင်းလိုက်တာ ကြားလိုက်လား"

"အေး ကြားတယ် ဘာဖြစ်လို့လဲ"

"အမလေး သူဘယ်လိုငြင်းတယ်ထင်လဲ မရွှေ"

"ဟဲ့ ပြောပါဟ စကားပလ္လင်ခံနေတယ် "

" မရွှေက ထမင်းဘဲကုန်းစားနေတာကို ကျွန်မပြောတာလဲကြည့်မှပေါ့"

"ဟဲ့ ပြောလို့ရပါတယ် နားကအကောင်းကြီး ပြောမှာသာပြောပါ လုပ်စရာတွေကအများကြီး "

အေးချမ်းရာWhere stories live. Discover now