ဘယ်လိုသိပြီးရောက်လာသည်မသိသော စွမ်းကြောင့်တိုးအောင်ရော နန်းပါအံ့ဩသွားသည် အမှန်ကားအောင်နိုင် မက်ဆေ့ချ်ပို့လိုက်ခြင်းဖြစ်သည် စွမ်းသာ မလာရင် တိုးအောင်က ဒီထက်ပွဲကြမ်းနိုင်သည်
<<<<<<<<<<<<<<<<>>>>>>>>>>>>>>>
"ကိုကိုတောင်းပန်ပါတယ် သက်လေး"
"ဘာကိုလဲ ဘာအတွက်လဲ "
ကိုကိုရောက်လာသည်နှင့် နန်းချက်ချင်း ဆိုင်အပြင်ထွက်လာပြီး ဆိုင်ကယ်ရပ်ထားသော နေရာတွင် အိမ်ပြန်ဖို့ ပြင်နေစဉ် အမှီလိုက်လာကာ တောင်းပန်နေသော ကိုကို့မျက်နှာကို နန်းရင်မဆိုင်ရဲခဲ့ပါ
"ကိုယ့် သူငယ်ချင်းပြောတာ စိတ်ထဲမထည့်ပါနဲ့ "
"စိတ်ထဲမထည့်ပါနဲ့ ဟုတ်လား ကျွန်မနောက်ကွယ်မှာရော ရှေ့မှာပါ ဒီလောက်ပေါ်တင်အောင် ပြောရဲရလောက်တဲ့သတ္တိတွေကို ဘယ်သူကပေးလိုက်တာလဲ"
"သက်လေး"
မတွေ့သည့် ရက်အတောအတွင်း သက်ဟာ သူ့အပေါ်စိမ်းကားလှသည် အရင်ကလို သက်လို့ပင် မပြောတော့ဘဲ ကျွန်မဟူသော နာမ်စားကြောင့် စွမ်းဘယ်ဘက်ရင်အုံဟာ အောင့်ခနဲဖြစါသွားရသည်
"ကျွန်မတောင်းဆိုဖူးလား ဟမ် ဘာတွေများတောင်းဆိုဖူးလို့လဲ ချစ်တယ်လ်ု့လဲမပြောခဲ့ဖူးဘူးလေ ကျွန်မကို ဒီလောက်တောင် လွယ်တဲ့မိန်းမလို့ထင်နေတာလား "
"မဟုတ်ဘူး သက် ခုက ကိုမှားတာ ကိုတောင်းပန်ပါတယ် ကိုကအဆင့်ကျော်မိတာ "
"မဟုတ်ဘူး ကျွန်မမှားတာ ကျွန်မ ငြင်းခဲ့သင့်တာကို ကျွန်မမလုပ်နိုင်ခဲ့ဘူး "
"မဟုတ်ဘူး သက်လေးမမှားဘူး ကိုယ်တို့လက်ထပ်ကြရအောင်နော်"
ကျွန်မအမြဲကြားချင်နေခဲ့တဲ့စကားလေးတစ်ခွန်း ဒါပေမဲ့ ကျွန်မဘာလို့ တွန့်ဆုတ်နေရတာလဲ နန်းလက်တွေကို လာဆုပ်ကိုင်ကာ သနားတောင်းခံနေသော ကိုကို့အကြည့်များဆီက နန်းရုန်းလိုက်မိသည်လား ကိုယ်တိုင်ပင် မသဲကွဲတော့ ကိုကို့ကိုမချစ်ခဲ့တာလား ဟင့်အင်း သေချာတာတစ်ခုက ကိုကို့ကို သနားခဲ့တယ်ကျွန်မ လက်တွေက လူသေကောင် တစ်ယောက်လို အေးစက်နေ၏ ရာသီဥတုကြောင့်လည်းမဖြစ်နိုင်
ကိုယ်ခန္ဓာအပူချိန်ကြောင့်လည်း မဟုတ်နိုင် ဒါဆို ကိုကို့ကြောင့်လား အမျိုးသမီးတိုင်းစီ တစ်သက်မှာ တစ်ခါတော့ ရိုမတ်တစ်ဆန်စွာ လက်ထက်ခွင့်တောင်ခြင်းခံယူလိုကြသည် မဟုတ်လား
YOU ARE READING
အေးချမ်းရာ
Romanceနန်းဟာ မပြတ်သားခဲ့ဘူး🌸 ဒီဝတ္ထုက ဖတ်ရတာ နည်းနည်းတော့ မွန်းကြပ်ချင်စရာကောင်းပါတယ် နန်း character က မပြတ်မသားဖြစ်နေလို့ပါ
