အပိုင်း(၂၅)

229 5 0
                                    

ဒီအလုပ်ကို အမေဖြစ်သူ အတန်တန်တားနေသည့်ကြားထဲ toxic ဆန်လွန်းသည့် လူတွေကြား ရအောင်ရှင်သန်ခဲ့သည် နန်းကြိုးစားခဲ့သမျှအရာတွေက
တစ်ခနတွင်း ဖြိုဖျက်ခံလိုက်ရသည် အမေနဲ့ အဖေလည်း မအိပ်မစားဘဲ ပိန်ချုံချနေသော နန်းအဖြစ်ကို
မကြည့်ရက်တော့ 

"နန်း သမီး ဘာလို့ ဒီလိုကြီးနေနေတာလဲ အအေးမိတော့မှာဘဲ "

"သမီး ထမင်းလည်းမစားဘူး ဖေဖေ မုန့်တွေဝယ်လာတယ် စားကြည့်မလား "

အေးသည့်ရာသီဥတုကိုလည်း သတိမရသော နန်းဟာခေါင်းအသာလေးခါရင်း စာအုပ်တစ်ချို့ကို ကိုင်နေပေမယ့် မဖတ်တာကို နန်းကိုယ်တိုင်လည်းသိသည် အကြောင်းတစ်ခုဆီကို စိတ်ရောက်ပြီး လူက မရွှင်မလန်း

"နန်း သမီး အမေ့ကိုလေ ရင်ဖွင့်ပါလား အမေရှိတယ် သမီးရဲ့ ပြောသမီးဘယ်လိုဖြစ်ချင်လည်း ဘာဖြစ်ချင်လည်း အဲ့အလုပ်ပြန်မသွားချင်လည်းရတယ်
ဖေဖေ တခြားနေရာရှာပေမယ် "

"သမီး က အစကတည်းမှားနေခဲ့တာ မေမေရဲ့"

"လူဆိုတာအမှားနဲ့မကင်းပါဘူးကွယ် သိရင်ပြင်လို့ရတယ် သမီးရဲ့"

"သမီးလေ ဒီလိုတွေဖြစ်စေချင်ခဲ့တာမဟုတ်ဘူး မေမေ "

"ဒါပေါ့ သမီးကြောင့် ဘယ်ဟုတ်မလဲ အရာအားလုံးက
ကံစီမံရာအတိုင်းဖြစ်လာရတာလေ"

"သမီး ဒီအလုပ်ကို မစွန့်လွတ်နိုင်ဘူးမေမေ ဒီပညာကိုမြတ်နိုးလွန်းလို့  သမီးရအောင် တက်ခဲ့တာ ဒါပေမယ့်လေ အဲ့လူတွေကို သမီးမုန်းလာပြီ မေမေ"

နန်း မေမေက သက်ပြင်းတစ်ချက်သာချပြီး ဘာစကားမှထပ်မပြောနိုင် နန်းဟာ စကားတစ်ခွန်း ပြောတိုင်း ရင်ထဲဆစ်ခနဲအောင့်ရသည် နန်းကိုယ်တိုင် မရေရာနိုင်သော အရာတွေကို မေမေက ဖြေရှင်းပေးချင်နေသည်တဲ့လေ

<<<<<<<<<<<<<<<<<<<<>>>>>>>>>>>>>

မနက်ခင်း ၇:၀၀ တွင်

နန်းဟာ အလုပ်ပြန်လုပ်ဖို့ဆုံးဖြတ်လိုက်ကာ မောင်နဲ့အတူတူ ဆက်တွဲဖို့ကိုလည်း ဆုံးဖြတ်ခဲ့သည် ညဆိုင်းဆင်းရမှာမို့ မနက်ခင်းစောစော မောင်နှင့်အတူတူလမ်းလျှောက်ထွက်ရင်း ပန်းခြံထဲက ခုံတန်းတွေမှာ
ခနနားနေကြသည်

အေးချမ်းရာ Where stories live. Discover now