အပိုင်း(၄)

21 3 0
                                    

စာမေးပွဲဖြေပြီးနောက်တစ်နေ့ သက်တို့ပြောထားသည့်အတိုင်း စားသောက်ဆိုင်တစ်ခုမှာတွေ့ကြသည်

"သက် ဘာသောက်မလဲ ကိုယ်တစ်ချို့မှာထားပြီးပြီ သက်ကြိုက်တာထပ်မှာလေ "

သက်အစက စွမ်းကို ချစ်သည်မုန်းသည်ထက် အတူရှိနေရင်ရင်ခုန်မိမည် ထင်ခဲ့ပေမယ့် ယခုတော့ နဲနဲကွဲပြားနေသယောင် သက်စွမ်းနှင့်စကားပြောရတာ အဆင်ပြေသော်ငြားလည်း အားနာသနားသည့်စိတ်ကလွဲရင် သက်ဘာမှမခံစားမိ

"ရပါတယ် သက်ဒါတွေဆို ဝပါပြီ"

"သက် ကိုယ်ဒီနေ့ချိန်းလိုက်တာ ကိုယ်ပြောချင်တဲ့စကားတွေရှိတယ်"

သက်မျက်တောင်မခတ်ကြည့်နေလိုက်ကာ သက်ထင်ထားသည့်အတိုင်း

"ကိုယ် သက်ကိုစိတ်ဝင်စားတယ် ကိုယ်တို့စကားပြောကြတာလဲ အဆင်ပြေတယ်ဆိုတော့ အတူတူရှေ့ဆက်သွားဖို့သက်မှာဆန္ဒရှိရဲ့လား သိချင်တယ် "

"ဟိုသက်နဲ့တစ်ကယ်အဆင်ပြေလို့လား အကို
သက်ကျောင်းပြီးရင် ဒီမှာမလျှောက်ထားတော့ ရန်ကုန်မှာပြန်တာဝန်ကျဖို့ မဖြစ်နိုင်တာများတယ်"

"ဒါဆို သက်က LDRS ဖြစ်ရင် အဆင်မပြေဘူးလို့ပြောချင်တာလား"

သက်ဘက်ကခပ်ပြတ်ပြတ် ငြင်းပစ်လိုက်ချင်ပေမဲ့ ဘာလို့သက်မပြောထွက်နိုင်တာလဲ သက် စွမ်းမျက်နှာကိုပင်စေ့စေ့မကြည့်နိုင်တော့ ခေါင်းငိုက်စိုက်သွားသည့်သက်ကို စွမ်း ကြည့်လိုက်သည် ဒါစွမ်းကို အားနာနေတာလား ဒီလိုအပြုအမူတွေ စွမ်းအမုန်းဆုံးပင်

"ကိုယ်သက်သွားရာကိုလိုက်ခဲ့မယ်ဆိုရင်ရော အဆင်ပြေမလား"

သက်ဆတ်ခနဲမော့ကြည့်လိုက်ကာ

" အဲ့လောက်မလိုပါဘူး အကို သက်တို့က ကိုယ့်အလုပ်ကိုယ့်ရည်မှန်းချက်တွေရှိပြီးသား သက်အကို့ကိုအားနာရအောင်မလုပ်ပါနဲ့"

"ဘယ်လို သက် မင်းကိုယ့်ကို သနားနေတာလား ကိုယ့်ကိုအဲ့လိုမကြည့်နဲ့ ကိုယ်အကြားအာရုံမကောင်းပေမဲ့ ကိုယ်လုပ်နိုင်တာအများကြီးရှိတယ် ကိုယ်မင်းနဲ့လိုက်ခဲ့လို့လဲ မင်းအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရပါဘူး သက်မစိုးရိမ်ပါနဲ့"

အေးချမ်းရာ Where stories live. Discover now