အပိုင်း(၈)

344 7 0
                                        

စွမ်း အကြားပြဿနာတွေနှင့်ကြုံတိုင်း ကိုယ့်ကိုကိုယ်စိတ်ပျက်မိသည် သက်သူ့ကို သနားစိတ်တွေရှိနေမှာမလိုလား

ထိုအဖြစ်ပြီး သက်ဆေးရုံတွင် duty တွေနှင့် မအားလပ်ခဲ့ တစ်ဖက်တွင်လည်း စွမ်းဟာ သက်အပေါ်အနည်းငယ် သွေးအေးသွားပုံရှိသည် သက်အထင်တော့ ကိုကို့ဟာ တခုခုကိုစိတ်ပျက်သွားဟန်တူသည် သက်အပေါ်စိတ်ကုန်သွားရင်လည်း ကောင်းသည် သက်ဘက်က အားနာစရာတွေထပ်မရှိချင်တော့ပေမယ့်လည်း သက်အထင်လွဲရပြန်သည်

ကိုကိုဟာ သက်မသိအောင် အကြားအာရုံကြောကို
လုံးဝပြန်ကောင်းအောင်ဆေးကုသဖို့ စုံစမ်းနေကြောင်း သိလိုက်ရသည်  ၅လကြာသည်အထိ လားရိူးမြို့တွင်  စွမ်းနေသားမကျသေးမှန်း သက်သိသည် သို့သော်လည်း စွမ်းဟာ သူ့နည်းသူ့ဟန်ဖြင့် အလုပ်ရှာဖွေကာ သက်အကူအညီကို မလိုကြောင်းပြောခဲ့သေးသည် သက်က သူနာပြုတစ်ယောက်မဟုတ်လား သက်ကို အနည်းငယ်မေးမြန်းခြင်းမရှိခဲ့
သက်ကို မယုံကြည်တာလားလို့ သက်သံသယဝင်မိသည်

"တောင် "

4 off ဆိုတော့ ညနေ၄ နာရီဆင်းပြီး သက်ရေမိုးချိုး အနားယူမည်တွေးနေတုန်း မက်ဆေ့ချ် တစ်ခုဝင်လာကြောင့် ဖုန်းကိုအိတ်ကပ်ထဲကထုတ်ကြည့်လိုက်ကာ

💌 သက် အားလား ကိုကို ကော်ဖီ ပူပူလေး ဝယ်လာတာ လာပို့ပေးမလို့💌

ကြည့်ရတာ သက်ကော်ဖီမကြိုက်ဘူးပြောတာကိုလည်း ကိုကိုမှတ်မထားမိဘူးထင်ပါသည် မိန်းမတွေဟာ သူတို့ချစ်ပေးပါလို့ ဘယ်တော့မှမတောင်းဆိုတတ်ပါဘူး ဒါပေမဲ့ နူတ်ကဘဲ ချစ်တယ်လို့ပြောနေရင် ဘယ်မိန်းမက ယုံပါ့မလဲတဲ့ သက်လိုချင်ခဲ့တာက သက်ရှေ့ကနေမားမားမတ်မတ်ရပ်တည်ပေးမယ့် ယောကျာ်းမျိုး သက်ကို ဦးဆောင်ပေးမယ့်သူမျိုးကိုပေါ့

ချစ်ပြစေချင်ခဲ့တယ် ကိုကိုသာ သက်ကို တခြားပုံစံတစ်မျိုးလေးနှင့် ချစ်ပေးမယ်ဆို သက်တို့နှစ်ယောက်ကြားတစ်ခုခုများပြောင်းလဲသွားမလား သိချင်မိသည်

💌 သက် case on ထားတာလေးရှိလို့ ကိုကို 💌

💌အော် အဲ့ဆို တခုခုစားဖို့လဲမမေ့နဲ့နော် 💌

အေးချမ်းရာWhere stories live. Discover now