အပိုင်း(၆)

15 3 0
                                    

"အား မမနှင်း သက်မျက်လုံးတွေဘာဖြစ်တာလဲမသိဘူး အရမ်းယားနေတာ အား"

"ဟယ် သက် ခူယားမိတာလား နီရဲပြီး ဖောယောင်နေတာ ဟေ့ သူငယ်ချင်းတို့ Cetirizine ရှိကြလား ဒုက္ခဘဲ ခနနေဖြင့် ပွဲကစတော့မှာကို မလှမပတွေဖြစ်ကုန်ပြီ"

"ဟင့် ဟင့် "

ဒီနေ့ ဘွဲနှင်းသဘင်ရှိတာကြောင့် အားလုံးဟာ အပြိုင်အဆိုင်အလှတွေပြင်ပြီး ကြွကြွရွရွလှနေလျက်ရှိသည် ခန်းမအတွင်းလဲ မိဘတစ်ချို့ရောက်နှင့်နေပြီမို့ ပွဲဟာ လူအတော်စည်းလှသည်

တမနက်ခင်းလုံး မိတ်ကပ်ဆရာတွေခေါ်ပြီး တစ်ယောက်တစ်လှည့်ပြင်နေတုန်းအကောင်းပင် ပွဲက၉:၃၀ စမည်ကို ခု ၈:၄၅လောက်တွင် သက် မျက်လုံးတစ်ဖက်ဟာ အလွန်ယားလာပြီး ဖောယောင်ချင်သလိုရှိလာသည်

သက်အစက ဒီတိုင်းယားသည့်ထင်လို့ ပွတ်လိုက်ရာ အလွန်နာလာပြီးမျက်ရည်တွေပါကျလာသည်

"ရော့ ရော့ ငါရှိတယ် တော်သေးလို့ ဟိုနေ့ကဝယ်ထားတာ နင်ခူယားမိတာနေမှာ သက်ရယ် မြန်မြန်သောက်လိုက် ခနနော် မမသနပ်ခါးနဲ့ဆားနဲ့သွေးပေးမယ် "

"ဟင့် ဟင့် သက်ခနနေ ပုံရိုက်ရင် မလှတော့ဘူး ဟင့်ဟင့် "

"မဟုတ်တာ သက်လေးက အလှဆုံးလေနော် မငိုနဲ့ ပွဲထဲလူတွေအများကြီး ရှက်စရာကြီးနော် "

သက်ဆေးသောက်လိုက်ပြီး မကြာလိုက် အယားသက်ပြီး ဖောယောင်တာရော လျော့သွားသည် တော်ပါသေးရဲ့ မမနှင်းနှင့်မခက်ရှိလို့ မဟုတ်ရင် ဒီနေ့ ကိုကိုရှေ့ သူရုပ်ဆိုးမကြီးဖြစ်နေတော့မှာ ကိုကိုလာမယ်လို့ စွမ်းကပြောထားတော့ သက်အရမ်းရင်ခုန်နေရသည်

ပွဲတွင် မေမေတို့ရော ရှိနေတာကြောင့် သက်အနည်းငယ်တော့ ကြောက်မိသည် မေမေသိလျှင် သက်ကိုဆူနေမလား သက်ကအရွယ်ရောက်ပြီးသားရည်းစားထားတာ အပြစ်တစ်ခုတော့မဟုတ်ပေမယ့် မေမေ ကိုကို့ကိုသဘောမကျမှာစိုးသည်

"အမလေး သမီးရေ တော်သေးတယ် ယောင်တာ လျော့သလို မေမေ ပြောတယ် သန့်သန့်ရှင်းရှင်းနေပါဆို ဘယ်ကခူယားကမိရတာတုန်း"

အေးချမ်းရာ Where stories live. Discover now