အပိုင်း(၁၅)

125 6 0
                                    

သက် အိမ်ကို ဆိုင်ကယ်မောင်း၍ ပြန်လာခဲ့သည်
ပြန်လာသည့် လမ်းတစ်လျှောက် သက်ဟာ အသက်မဲ့သည့် လူတစ်ယောက်လို ဘာစကားမှမဆို မျက်နှာဟာလည်း သွေးမရှိတော့သည့်လူလို ဖြူဖတ်ဖြူရော်ရှိနေ၏

"နန်း "

"နန်း"

"ဟင်" အိမ်လမ်းထိပ်နားရောက်တော့ သက်ဘေးနားချထားသော ကားအမည်းရောင်ကို ထိုအတိုင်းကျော်သွားဖို့ လုပ်နေတုန်း ရင်းနှီးသော တစ်စုံတစ်ယောက် ခေါ်သံကိုကြားလိုက်ရသည်

"နန်း ခွင့်ယူထားတယ်ကြားလို့ သက်သာရဲ့လား လာကြည့်တာ "

"အမ်"

"နန်းတို့ အိမ်ကို မရွှေကို မေးကြည့်လိုက်တာ စိတ်မပူပါနဲ့ ကျွန်တော် အိမ်ထိသွားရင် နန်းအဆင်မပြေမှာစိုးလို့ နန်းအထွက်လာကို ဒီလမ်းထိပ်ကဘဲစောင့်နေတာ "

"မရွှေကို မေးလိုက်တာ "အင်း သက်ကိုတော့ တစ်ခုခုပြောကြတော့မည်မှန်း သက်သိလိုက်ပြီ  ကိုကိုပြီးရင်
ဒီကောင်ဆိုး ဟာလည်း သက်ကို အတော်အားနာရအောင်လုပ်ပါသည် သက်ကို ကူညီခဲ့တာဆိုတော့လည်း သက်ဘာမှမပြောလို

"အလုပ်မှာခင်တဲ့ဆက်ဆံရေးအနေနဲ့ စိတ်ပူလို့ လာမေးတာဆိုရင်လည်း စိတ်မပူပါနှင့် ကျွန်မအဆင်ပြေပါတယ် ဆရာ လာစောင့်နေတာလဲ ကြာပြီဆိုတော့ ပြန်သင့်ပြီထင်တယ် "

"နန်း မှာ ဆိုင်သူရှိတာလား "

"ဟင်"

"နန်း ကို ကျွန်တော်ဒီလိုတွေလုပ်ပေးနေတာ တစ်ခြားဘာကြောင့်မှမဟုတ်ဘူး ကျွန်တော် နန်းကို သဘောကျလို့"

"ကျွန်မ..."

"နန်းမှာပိုင်သူဆိုင်သူရှိရင် ပြောလို့ရပါတယ် ကျွန်တော်နောက်ဆုတ်ပေးမှာပါ"

ရှိန်း အရဲစွန့်ကာ ပြောလိုက်သော်လည်း နန်းစီက ပြန်ပြောမည့်စကားတို့ကို သူနားမထောင်ဝံ့ပါ
သူငယ်ချင်းဖြစ်သူ မောင်ဒေါင်းပြောအရဆို
ဘဲကြီးနှင့် နန်းဟာ သမီးရည်းစားဆက်ဆံရေးတော့မဟုတ်

ဆရာဝန်တွေ သူနာပြုတွေ ရာထူးတွေဘာတွေက ခုနေရာမှာ အရေးကြီးသေးလို့လား ရှိန်း သက်ကို သဘောကျတော့အမှန်ပင် အခွင့်အရေးဆိုတာ ရတုန်း
လက်ဦးယူထားမှ တော်ကာကျမည်

အေးချမ်းရာ Where stories live. Discover now