"ဘယ်လို"
"ကိုကိုတစ်ခုခုလုပ်တိုင်း သက်ကြောင့်လုပ်ရတာမျိုး
သက်မလိုချင်ဘူး"
"ဘာဖြစ်လို့လဲ သက်လေး ကိုယ့်တို့က ချစ်သူတွေဘဲလေ ကိုကို သက်အတွက်လုပ်ပေးတာ မှားလို့လား"
"သက်ကို ဒီထက်ပိုအားနာရအောင် မလုပ်ပါနဲ့တော့လား"
သက်လက်နှစ်ဖက်ကို ကိုင်ထားသော ကိုကို့လက်များမှ ရုန်းထွက်လိုက်ကာ ကိုကို၏ အကြည့်တွေကို
သက်အပြစ်လုပ်ထားသူနယ် ကြာကြာကြည့်ဖို့ အင်အားမရှိခဲ့ပါ
စွမ်း နားမလည်နိုင် ဒီလောက်အချိန်တွေ ကျော်လာခဲ့ပြီးမှ ဘာလို့ဒီလိုစကားတွေ ပြောထွက်ရတာလဲ
"အား နာ တယ် ?သက် ကို့ကို ကြည့်ပါ
သက်ဘာဖြစ်နေတာလဲ သက်မေမေနဲ့ တွေ့ခဲ့လို့
စိတ်ဆိုးတာလား ကိုယ့်တို့ချစ်သူတွေမဟုတ်ဘူးလား
တွေ့လို့မရဘူးလား"
"သက် ကိုကို့ကို ချစ်တယ်လို့ မပြောခဲ့ဖူးဘူးမလား"
"ဘာ"
"သက်တို့ တွဲဖို့ အဆင်ပြေနိုင်မလား လေ့လာနေဆဲကာလဘဲလို့ သက်ထင်တယ်"
"သက် "
"ဒီနေ့ထိ သက်ကြောင့် ရည်ရွယ်ပြီး ကိုကိုလုပ်ခဲ့တာတွေမှန်သမျှ သက်ဘက်က တောင်းဆိုခဲ့တာမဟုတ်ဘူးမလား "
သက်ဟာ သက်နှင့်မတူသော စကားတွေပြောလာတာကြောင့် စွမ်း ပါးစပ်အဟောင်းသားဖြစ်၍ ပြောရမည့်စကားများပျောက်ရှနေခဲ့သည် သက်ဟာ ထိုစကားတွေ ပြောထွက်ရက်ပေမယ့် စွမ်းနှလုံးသားဟာ နာကျင်ဖို့ အဆင့်သင့်မဖြစ်သေးဟန်ရှိ၏
<<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>
"အမ နန်းသက်ဖူးဝေ မီးချိန်ပေးပါဦး"
" အမ နန်းသက်ဖူးဝေ"
"ရှင် "
"မီးချိန်ပေးပါဦး"
"အော် ဟုတ်ကဲ့"
ဒီည သားအိမ်ခြစ်ရမည့် လူနာရှိတာကြောင့်
ရှိန်းနှင့်အတူ သက်က ဘေးက assistant (အကူ) အနေဖြင့် လိုအပ်တာမှန်သမျှ လုပ်ပေးရသည်
သက် ဘယ်လောက်တောင် စိတ်နှင့်လူနှင့်မကပ်သလဲဆို ရှိန်း ခေါ်နေတာကိုပင် မကြားနိုင်
ချစ်သူတွေကြား စကားများကြတာဟာသဘာဝပါလို့ ပြောရအောင်လည်း သက်နဲ့ ကိုကိုဟာ မတူသလိုရှိနေ၏
YOU ARE READING
အေးချမ်းရာ
Romansaနန်းဟာ မပြတ်သားခဲ့ဘူး🌸 ဒီဝတ္ထုက ဖတ်ရတာ နည်းနည်းတော့ မွန်းကြပ်ချင်စရာကောင်းပါတယ် နန်း character က မပြတ်မသားဖြစ်နေလို့ပါ
