အပိုင်း(၂၃)

16 3 0
                                    

📩ခနလေးစောင့်ပေးနော် သက်လေး ကိုယ်လမ်းပေါ်မှာ📩

စွမ်းဟာ တစ်ဖက်က သက်ကို စာရိုက်ပြီးမက်ဆေ့ပို့လိုက်ကာ တစ်ဖက်က ကားကိုမောင်းနေသည်
ထို့အပြင် ကားကိုပုံမှန်ထပ်အရှိန်မြင့်၍ မောင်းနေခဲ့သည်

စွမ်းအတွေးအာရုံထဲဘယ်သူကိုမှ မမြင်နိုင် စွမ်းသိသည်က သက်လေး သူ့ကိုစောင့်နေလိမ့်မည် သက်လေးကို သူသေချာတောင်းပန်ပြီး အသစ်ကပြန်စကြဖို့ တစ်ခုဘဲတွေးမိသည်

"အရှေ့ဘက်မှာ လမ်းပြင်နေသည် တစ်ခြားလမ်းကမောင်းပါ "

ဆိုသည့် ဆိုင်းပုတ်ကို မမြင်ဘဲ ဝင်တိုက်မိမလို ဖြစ်ကာ အရှိန်ဖြင့်မောင်းလာတာကြောင့် အတော်နှင့် ထိန်းမရ
ဘယ်ဘက်လမ်းကို ကွေ့ချလိုက်တော့ အခြားကားကိုပါ တိုက်မိသွားပြီး လမ်းဘေးဓာတ်တိုင်နှင့်ပါ ကားခေါင်းချင်းဆိုင်မိကုန်သည် ဒီထက်အခြေအနေတွေဆိုးသွားမည်ကို စွမ်းကြိုမသိခဲ့
စွမ်း ကို ဘေးက လမ်းခင်းပြီး ပြန်ဖို့ပြင်နေကြသော အလုပ်သမားတစ်ချို့အော်ပြောသံကိုလည်း စွမ်းသေချာမကြားရတော့ပါ

"ဒုန်း တီး တီး ဟေ့ ဟာ တိုက်ကုန်ပြီဟ
ဟာ အဲ့မောင်းလာတဲ့ကောင်လေး မူးနေတာလားဟ
ဆိုင်းဘုတ်ကြီး မမြင်ဘူးလားမသိဘူး"

"ဟေ့ လုပ်ကြဦး ဆေးရုံပို့ဖို့ ဟာကွာ "

"ငယ်ငယ်ရွယ်ရွယ်နဲ့အေ "

"ဝီဝေါ ဝီဝေါ "

တအောင့်နေတော့ အရေးပေါ်ကားတွေ ရောက်လာပြီး ကားထဲက ထိခိုက်ဒဏ်ရာရသည့် လူတွေကို ဝိုင်းထုတ်နေခဲ့သည် စွမ်းခါးပတ်လည်းမပတ်မိလိုက်တာကြောင့် ဦးခေါင်းပိုင်းပိုထိပြီး သတိရတချက်မရတချက်ဖြစ်နေသည် ဒါပေမယ့်လည်း စွမ်းဟာ အိပ်ကပ်ထဲက ဖုန်းကို သွေးတွေပေကျံနေသည့် လက်က ရအောင်ဆွဲထုပ်နေသည်

"ဖုန်း ဖုန်းဆက်ပေးပါ သက် သက်"

"အကို ခနတောင့်ထား ကျွန်တော်တို့ဆေးရုံပို့ပေးမှာ"

"ဖုန်း ဖုန်း"

"ဗျ အိမ်ကလူကိုဆက်ပေးရမလား ပေးပေး "

စွမ်းဟာ ကားပေါ်မတင်ခင်အထိ ဖုန်းသော့ဖွင့်ပြီး သက်ဖုန်းနံပါတ်ကို ထောက်ပြပြီး ဆက်ပေးဖို့ကို
တဖွဖွပြောနေခဲ့သည် ထိုလူငယ်ကလည်း ချက်ချင်းပင် 🤍ကိုကို့ဆရာမလေး🤍 ဆိုပြီးမှတ်ထားသည့်
contact ကို ဆက်ကာ အကြောင်းအရာကိုရှင်းပြဖို့အချိန်အများကြီးမရပါ

အေးချမ်းရာ Where stories live. Discover now