အပိုင်း(၁၂)

306 5 0
                                        

"နန်း သမီးလေး ပြန်လာပြီလား ဒီညလဲ night duty ဘဲမလား သမီးညည ဗိုက်ဆာတတ်တာ သိလို့ မေမေ
ခေါပုတ်ကြော်လေး ချိုင့်နဲ့ထည့်ပေးလိုက်မယ်နော် "

"နန်းဆေးရုံမှာ တစ်ခုခုဝယ်စားလိုက်လို့ရပါတယ်
မေမေရဲ့ အပင်ပန်းခံလို့"

"ဒီသမီးတစ်ယောက်ကတော့ မေမေစိတ်ပူတာမသိဘူးလား ခုလဲကြည့် ဆေးရုံတစ်ညလေးဆင်းရသေးတာ
ပိန်ကျသွားတာဘဲ "

"အဲ့လောက်လဲမဟုတ်ပါဘူး မေမေရဲ့  သမီးတရေးလောက်ထပ်အိပ်လိုက်အုံးမယ်နော်"

"ဟမ် ညကအရမ်းလုပ်ရူပ်လို့လား နန်း
မွေးလူနာများတာလား"

"မများဘူး ကိုယ့်အိပ်ယာမဟုတ်တော့
နှစ်နှစ်ခြိုက်ခြိုက် ဘယ်အိပ်ပျော်မလဲ မေမေရဲ့"

"ဟုတ်ပါတယ်လေ ခုတော့ နောင်တရနေပြီလား "

"မေမေ နန်းကို မရွဲ့ပါနဲ့ "

"အဟွန့် ဟွန့် ဟုတ်ပါပြီ သွားသွား အဝတ်လဲပြီးမှ အိပ်နော်"

"အော့ခ မေမေ"

ညက ဟိုတစ်ယောက်ဖျော်ပေးတဲ့ နွားနို့သောက်လိုက်ရတော့ အိပ်လို့ကောင်းနေတာနှင့် မနက်ကမထချင်ထချင်ဘဲ ၄:၃၀နာရီလောက်ထပြီး report ရေးကာ
ဆေးထိုးချိန်ရောက်တော့ လူနာတိုင်းကို သင်တန်းကျောင်းက ညီမလေးတွေနှင့်အတူ ဆေးလိုက်ထိုးပေးရသည်

သက်ကသူများလို ဝန်ထမ်းအိမ်ရာမှာ မနေဘဲ လားရိူးဇာတိကဘဲဆိုတော့ ကိုယ့်အိမ်ကိုယ်ဘဲ ပြန်နေဖြစ်သည် အသက်တွေဘယ်လောက်ဘဲကြီးကြီး
မေမေ့အမြင်မှာတော့ အမြဲကလေးလေးပါဘဲ မနေ့ညက မွေးလူနာမရှိတာ ကျေးဇူးတင်ရမှာပင် မဟုတ်ရင်
သက်က ဒီထပ် ပိုပင်ပန်းနေလောက်သည်

"ကလင် လင် ကလင် "

သက်ပေါ့ပေါ့ပါးပါးအဝတ်စားလဲပြီး အိပ်ဖို့ပြင်တုန်း
ဖုန်းဝင်လာသံကြာမိသော်လည်း မကြည့်မိလိုက်ပါ
ကိုကိုဘဲဖြစ်နိုင်သည် ဖုန်းသံကို ပြန်ငြိမ်ကျသွားတော့
သက်မျက်လုံးတွေတစ်ချက်ပြန်ဖွင့်လာရင်း
ကိုကို့ကို ဘယ်လိုပြောလိုက်သင့်လဲ သက်ဒီထက်ပိုပြီး
မျှော်လင့်တွေမပေးချင်တော့ပါ သက်ကိုကို့ကို ဒီနေ့ထိ ချစ်တယ်မပြောခဲ့ဖူးပေမယ့် ကိုကို့စိတ်ထဲ ဘယ်လိုထင်မြင်နေသည်ကို သက်မသိ အတွေးတွေဟာ
ဟိုတစ ဒီတစ လွင့်မျောရင်း သက် တရေးတမော အိပ်ပျော်သွားသည်

အေးချမ်းရာWhere stories live. Discover now