နဲ့ ၄ညတောင် တူတူကျအုံးမှာပင် ဒီလူနှင့်က အတော်ဆိုးသည့် ရေစက်ကြီးသာ ဖြစ်လိမ့်မည် ဟော ပြောရင်းဆိုရင်းရောက်လာပါပြီး ဆရာသမား အချိန်ကိုမလေးစားသည့်အပြင် ဝတ်လာသည်လည်း အပျံစား စွတ်လာလိုက်သည့်ရေမွှေး ကလပ်နှင့်များ မှားလာသလားမှတ်ရသည်
"အမ နန်းသက်ဖူးဝေ ကျွန်တော့်ကို B-6 လူနာရဲ့ chart
ရှာပေးပါဦး "
"ဟုတ်"
ဒီလူကတော့ ဘယ်ဘက်ကကြည့်ကြည့် ထောင့်မကျိုး
ခုလဲ သူ့ဘေးက ရှိနေသည့် chart တွေထဲ ရှာလိုက်ရင် ရတာကို သက်ကို တမင် ခိုင်းနေသည် မကြာလိုက်ပါ
"အမ နန်းသက်ဖူးဝေ ဒီဘောပင် အပြာက မှင်ကုန်လို့ နောက်တစ်ချောင်းပေးပါဦး"
"အမ နန်းသက်ဖူးဝေ C-4 က လူနာက ဆေးကုန်နေလားသွားကြည့်ပေးပါဦး"
"အမ နန်းသက်ဖူးဝေ "
"အမ နန်းသက်ဖူးဝေ "
သက် နားထဲ တစ်ဆက်ဆက်ကြားနေရသည့် ခေါ်သံကြောင့် စိတ်တိုလာရပြီး လက်ထဲကိုင်ထားသော ဆေးခြင်းကို ခပ်ပြင်းပြင်းဆောင့်ချလိုက်သည် ဒီလူ သက်ကို တမင်လုပ်နေတာဖြစ်သည် သက် ဆေးထိုးချိန်ရောက်လို့ အားလုံးကို ဆေးထိုးနေသည်ကိုပင် မရရအောင် ခေါ်ခိုင်းနေသော သူ့ကို ဆံပင်မွှေးတွေတစ်မျှင်မှ မကျန်အောင် ဆွဲနူတ်ပစ်လိုက်ချင်သည်
"ဆရာ အရမ်းအရေးမကြီးတဲ့ကိစ္စတွေဆို
student ညီမလေးတွေကို ခိုင်းလို့ရပါတယ်"
သက်သွားတွေပြတ်ထွက်မတက် အံကြိတ်လျက်ပြောလိုက်ပုံကို ရှိန်းအလွန်ရယ်ချင်ပေမယ့် ထိန်းထားလိုက်ကာ
"အော် ကျွန်တော်ပြောလိုက်တာတွေက အရေးမကြီးဘူးလို့ အမ နန်းသက်ဖူးဝေကပြောချင်တာလား"
"ဆရာက personal နဲ့ အလုပ်ကို မခွဲခြားတတ်ဘူးထင်တယ် "
"ကျွန်တော် အခုကြည့်တာတော့ အမနန်းသက်ဖူးဝေက မခွဲခြားတတ်တာထင်ပါတယ်"
ရှိန်းကို ဝါးစားတော့မတတ် ကြည့်နေသော သက်မျက်လုံးများကို ရှိန်းဘက်ကလည်း မဲ့ခနဲ ပြန်ပြုံးကာ ကြည့်လိုက်သည်
YOU ARE READING
အေးချမ်းရာ
Romansaနန်းဟာ မပြတ်သားခဲ့ဘူး🌸 ဒီဝတ္ထုက ဖတ်ရတာ နည်းနည်းတော့ မွန်းကြပ်ချင်စရာကောင်းပါတယ် နန်း character က မပြတ်မသားဖြစ်နေလို့ပါ
