နန်းကို ထမင်းစားချိန် မကျော်စေဖို့နှင့် ဗိုက်မဆာလည်း စားပါလို့ တဖွဖွ ဆုံးမသွားခဲ့သည် မောင်ဟာ နန်းထက် ငယ်သော်လည်း ထိုကဲ့သို့ အလိုက်သိကာ စိတ်လုံခြုံမှုပေးနိုင်သည် မောင်ကျနေသော အရေးပေါ်ဌာနကိုပြန်သွားပြီးဖြစ်သကဲ့သို့ နန်းသည်လည်းဆေးခြင်းကိုင်၍
ကောင်တာဘက် ပြန်လျှောက်လာရာ
"သက် ဗိုက်မဆာသေးဘူးလား စားတော့လေ ပေးပေးအဲ့ဆေးတွေ မရွှေ တို့စီလိုက်မယ်"
"ဟုတ် သက်ခုစားလိုက်မယ်နော် "
<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>>>
"စွမ်းကို အဲ့မိန်းမ တစ်ကယ်ကြီးလုံးဝမဆက်သွယ်လာဘူးလား"
တိုးအောင် နှင့် အောင်နိုင်တို့ဟာ ညနေစောင်းတခုခုထွက်စားကြဖို့ ကားဖြင့်ထွက်လာသည် စွမ်းဟာ အိမ်ခြံမြေကိစ္စတွေကြောင့် မအားပါ သူငယ်ချင်းဖြစ်သူကိုလည်း ပြောမနိုင် သက်ဆိုသည့် မိန်းမက သူ့ကိုပစ်ပယ်သွားသည်ကို
စွမ်းကတော့ တစ်အိုးတစ်အိမ်ထူထောင်ဖို့ လုပ်ဆောင်နေဆဲပင်ဖြစ်သည် မောင်းသူနေရာက တိုးအောင်ဟာ အောင်နိုင်ကို ဒေါသသံပါပါမေးလိုက်စဉ် အောင်နိုင်ဟာ သက်ပြင်းအနည်းငယ်ချရင်း
"အေး စွမ်းလည်း မင်းသူ့ကို သွားစပြီး မဆက်သွယ် နဲ့လို့ပြောထားတော့ သူတောင့်ခံနေတယ်ထင်တယ်"
"ဟ ဒီလိုသွေးအေးတဲ့မိန်းမကို စဆက်သွယ်စရာလား
စွမ်းကို လူရိုးလူအဆိုပြီး စွမ်းရဲ့မျှော်လင့်ချက်တွေရိုက်ချိုးသွားတာကွ"
"မင်းကခုဘာလုပ်မလို့လဲ"
"ငါအဲ့မိန်းမကို ဒဲ့ စာရင်းသွားရှင်းမယ်"
"ဘာ တိုးအောင် မင်းတစ်ကယ်ပြောနေတာလား"
"ငါရုပ်က နောက်နေတဲ့ပုံပေါက်နေလို့လား "
"ဟ မင်း အဲ့မိန်းကလေး ဆေးရုံကိုသွားကြဲမလို့လား
လွန်ကုန်မယ် မင်းပြန်စဉ်းစားအုံး"
"ငါအဲ့လောက်မယုတ်မာဘူးကွ အဲ့မိန်းမ ဂျူတီဆင်းတော့မှာ မင်းကားထဲစောင့်နေ"
"ဟ တိုးအောင် ဟျောင့်"
ကားတံခါးကို ပြင်းထန်စွားဆောင့်ပိတ်လိုက်ကာ ဆင်းသွားသော တိုးအောင်ကို မတားလိုက်ရ
တိုးအောင်ဟာ ထိုကဲ့သို့ ဒေါသကြီးသူပင် သူတစ်ပါးကိစ္စကို ဝင်ပါရသည်ကို နှစ်သက်သူမဟုတ်ပါ အောင်နိုင်လည်း နားမလည်နိုင် စွမ်းနှင့်ပတ်သက်လျှင်
တိုးအောင်ဟာ ဘယ်သူ့ကိုမှမမြင်တော့
YOU ARE READING
အေးချမ်းရာ
Storie d'amoreနန်းဟာ မပြတ်သားခဲ့ဘူး🌸 ဒီဝတ္ထုက ဖတ်ရတာ နည်းနည်းတော့ မွန်းကြပ်ချင်စရာကောင်းပါတယ် နန်း character က မပြတ်မသားဖြစ်နေလို့ပါ
