ဇာတ်သိမ်းပိုင်း

2.2K 18 0
                                        

"ညီမတို့ ဒီလူနာကို ဆေးထည့်ဖို့ လုပ်လိုက်ဦးနော် "

"ဟုတ်ကဲ့ဆရာ"

"ပြီးတော့ သွေးအဖြေတောင်းထားတာလည်း
သွားယူဖို့ပြောလိုက်ကြဦး"

မနက်ခင်း ၉:၁၅လောက် ဆရာဝန်ကြီး စပြီး round တာဆိုတော့ အားလုံးက ဆရာပြောသမျှကို မှတ်ထားရသည် ဆေးအပြောင်းအလဲထိုးရမည့်လူနာ ဒါမှမဟုတ်
အနာဆေးထိုးရမည့်လူနာ နှင့်အခြား ခွဲစိတ်ခန်းဝင်ဖို့ ပြင်နေသည့်လူနာများစွာရှိသည် နန်းအခုရောက်နေတာကတော့ အရိုးဆောင် ဖြစ်သည် စိတ်သစ်လူသစ်နဲ့အလုပ်စလုပ်ဖို့အတွက် နန်း အရမ်းကြိုက်နှစ်သက်ခဲ့သော သားဖွားဆောင်မှ ထိုအရိုးဆောင်သို့ ပြောင်းလိုက်သည် တစ်ဆေးရုံထဲပေမယ့် လူအပြောင်းအလဲဖြစ်သွားသော နေရာတွင် နန်းအတွက်သင်ယူစရာ အသစ်အဆန်းတွေဖြစ်နေခဲ့သည်

နန်းက သင်လွယ်တတ်လွယ်တာကြောင့် ဘယ်နေရာရောက်ရောက် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရမခက်ပါ ဆရာဝန်ကြီးက လူနာတွေကြည့်ပြီးသည့်နောက် အခြားထပ်ဖြည့်လိုအပ်သည်ကို နန်းတို့ သူနာပြုတွေကို လိုက်လုပ်ပေးရသည်

နန်း ဆိုင်ကယ်မှောက်ပြီး ခြေသလုံးရိုးအက်သွားသည့်လူနာတစ်ယောက်ကို ကျောက်ပတ်တီးဖြည်ပေးနေသည်

"ဆရာမ ကျွန်တော် သက်သာပါပြီ ဆင်းလို့မရသေးဘူးလား"

"ဆရာဝန်က ဘာပြောသွားသေးလဲ ပြန်ခိုင်းပြီတဲ့လား"

"အဲ့လိုတော့ မပြောဘူး"

"အဲ့ဆို မသက်သာသေးလို့ နည်းနည်းထပ်နေပါဦး
ပျောက်အောင်ကုတော့ပိုကောင်းတာပေါ့ "

"ဟိုလေ ဆရာမ စိတ်မရှိနဲ့နော် ကျွန်တော်တစ်ခုမေးချင်လို့ "

"မေးလေ "

"ဆေးရုံဆင်းရင် ပိုက်ဆံထပ်ပေးရသေးလား"

"အဲ့တာက ဆရာမကြီးတွေပြောလိမ့်မယ် ဘာအခက်အခဲရှိလို့လဲ"

"ကျွန်တော့်မှာ ပေးစရာပိုက်ဆံမရှိလို့ ဆရာမ "

ရှမ်းပြည်က တိုင်းရင်းသားတွေဆိုတော့လည်း ပြောစရာရှိ တည့်ပြောတတ်ကြသူများ နန်းကို သူပိုက်ဆံမရှိကြောင်းရင်ဖွင့်နေခဲ့သည် မိသားစုလည်းမရှိ သားသမီးမရှိ ဆွေမျိုးမရှိဘဲ ရွာကနေ မြို့ပေါ်အလုပ်လာလုပ်ရင်း ဆိုင်ကယ်ကမှောက်သွားရတယ်လို့
နန်းတို့ဟာလည်း ကိုယ့်အပူနှင့်ကိုယ်သာ အများကြီးမတတ်နိုင်သော်လည်း သူတို့စားဖို့ တစ်နပ်စာဖြစ်ဖြစ်ကူညီပေးခဲ့သည်

အေးချမ်းရာWhere stories live. Discover now