Chapter 42: ပထမဆုံးနှင်း

75 19 0
                                    



Chapter 42: ပထမဆုံးနှင်း

တစ်နေ့သောနံနက်ခင်းအချိန်၌ ဟဲ့ရှောင်ယွင် နှိုးလာချိန်တွင်အပြင်ဘက်ရှိအလင်းရောင် ကပုံမှန်ထက်ပို၍လင်းနေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့်ဟဲ့ရှောင်ယွင်လည်း သူ(မ)ကိုယ်သူ(မ)အိပ်ရာထနောက်ကျပြီဟုထင်မှတ်လိုက်သည်။ လိုက်ကာများကိုဆွဲဖွင့်လိုက်ချိန်တွင် နှင်းများတစ်ဖွဲဖွဲကျဆင်းနေသောမြင်ကွင်းကိုတွေ့မြင်လိုက်ရသည်။

ညတွင်းချင်းအပြင်ဘက်လောကကြီးကအဖြူရောင်အသွင်သို့ပြောင်းသွားသည်။ အဆောက်အဦးအနိမ့်အမြင့်များနှင့်တောင်တန်းကြီးများအားလုံးကနှင်းများဖုံးနေသည်။ သစ်ပင်ထိပ်များနှင့်မြက်ခင်းပြင်များကလည်းငွေရောင်ဇာပါးလွှာတစ်ခုကိုလွှမ်းခြုံထားသယောင်။

ဝေ့ကျန့်ဝေ့ ကအခန်းတံခါးကိုဖွင့်ပြီး ဝင်လာသည်။ နဂိုတည်းကအရင်ဆုံးအိပ်ရာမှထလေ့ရှိသူဖြစ်သောကြောင့် မီးဖိုချောင်ထဲသို့ဝင်ကာရေနွေးတစ်အိုးတော့အမြဲတည်ထားတတ်သည်။ ယခုလည်း ရေနွေးတစ်ခွင်နှင့်အတူဟဲ့ရှောင်ယွင် ဆီသို့ချဥ်းကပ်လာသည်။

ဝေ့ကျန့်ဝေ့ ကိုတွေ့သောအခါ ဟဲ့ရှောင်ယွင် ကစိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်သည်။ "အပြင်မှာနှင်းတွေကျနေတယ်"

"အွန်ဟွန်း...ဒီနေ့ကအအေးပိုတာမလို့နွေးနွေးထွေးထွေးနေနော်"

"အင်း"

နှင်းများတစ်ဖွဲဖွဲကျနေသည့်မြင်ကွင်းကိုပြတင်းပေါက်မှန်မှတစ်ဆင့်ငေးစိုက်ကြည့်နေရင်းအပြင်ထွက်လိုစိတ်ပြင်းပြစွာဖြင့်ဟဲ့ရှောင်ယွင်ပြန်ဖြေမိသည်။

အတိတ်ဘဝတွင်သူ(မ)ကတောင်ပိုင်းသူတစ်ယောက်ဖြစ်ခဲ့သည်။ ထို့အပြင် အသက်နှစ်ဆယ်ကျော်အရွယ်လောက်တုန်းက နှင်းဖွဲဖွဲလေးကျသည်ကိုတစ်ကြိမ်တစ်ခါမျှသာမြင်ခဲ့ဖူးသည်။ ဤမျှလောက်သောနှင်းအမြောက်အမြားကိုသူ(မ)အနေနှင့်ပထမဆုံးအကြိမ်တွေ့မြင်ဖူးခြင်းဖြစ်သည်။ ထို့ကြောင့်အပြင်သို့ပြေးထွက်သွားပြီး နှင်းပြင်ကြီးထဲလူးလှိမ့်ပစ်ချင်သည်။

You've reached the end of published parts.

⏰ Last updated: a day ago ⏰

Add this story to your Library to get notified about new parts!

တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်းWhere stories live. Discover now