Chapter 41: ပွေ့ဖက်ခြင်းအမျိုးသမီးများကမီးဖိုချောင်ထဲတွင်အလုပ်ရှုပ်နေကြပြီး အမျိုးသားများကလည်းအအားမနေရကြပေ။ မီးဖိုများရွှေ့လိုက်ရေပြေးခပ်လိုက် နှင့် အလုပ်ဖြစ်နေသည်။ ဝေ့ကျန့်ဝေ့ ၏အိမ်တွင်ထိုင်ခုံအလုံအလောက်မရှိသောကြောင့် ဝမ်လီချမ်း အိမ်ရှိခုံအချို့ကိုသွားသယ်လာရသည်။
တစ်ကိုယ်တည်းနေသူလင်ယွဲ့ဖေးက နောက်ဆုံးမှဝိုင်တစ်ပုလင်း နှင့် ရောက်ချလာသည်။
လင်ယွဲ့ဖေးကိုမြင်သောအခါ ရှုလန်ရှန်းက စသလိုနောက်သလို နှင့် ပြောသည်။ "လောင်လင်ကအကောင်းဆုံးပဲ...လောင်ဝမ်နဲ့တစ်ခြားသူတွေဆိုရင်...ညစာစားပွဲကိုလာတာဘာမှမယူလာဘူးလေ...လက်ဗလာနဲ့လာကြတာ...အလိုက်မသိချက်ကတော့ကမ်းကုန်တယ်"
လင်ယွဲ့ဖေးတစ်ယောက်အချီးကျူးခံလိုက်ရသော်လည်း အခြားရဲဘော်ရဲဘက်များ က သူ့အားငြိုငြင်မည်စိုးသောကြောင့် အမြန်ဖြေရှင်းချက်ထုတ်လိုက်ရသည်။ "အာ...ဒါကကျွန်တော်တစ်ယောက်တည်းသောက်ဖို့အတွက်ယူလာတာပါ"
လင်ယွဲ့ဖေးလည်းရယ်ရယ်မောမော နှင့် ပြောလိုက်ရင်းဝိုင်ပုလင်းကို ဟဲ့ရှောင်ယွင် လက်ထဲသို့ကမ်းပေးကာအမျိုးသမီးအုပ်ထဲမှရှောင်ထွက်လာခဲ့သည်။ မဟုတ်လျှင် ထို အမျိုးသမီးများ၏ပိုင်ရှင်အသီးသီးက သူ့ ကိုနဂါးမျက်စောင်းဖြင့် စူးစိုင်ကြည့်နေသောကြောင့် သူပြာကျသွားသည်။
ဟင်းပွဲများအားလုံးကိုချက်ပြုတ်ပြီး သွားသောအခါ မွန်းလွဲပိုင်းသို့ပင်ရောက်နေပြီဖြစ်သည်။ တစ်ဖက်အိမ်တွင်ဆော့ကစားနေကြသောကလေးများကိုအရင်ဆုံးကျွေးပြီး မှ လူကြီးများဝိုင်းဖွဲ့စားသောက်ရမည့်အလှည့်သို့ရောက်လာသည်။
အိမ်ရှင်နှစ်ယောက်ဖြစ်သည့်ဟဲ့ရှောင်ယွင် နှင့် ဝေ့ကျန့်ဝေ့ တို့ကဧည့်သည်များအားလုံးကိုဧည့်ဝတ်ထုံးစံအတိုင်းဝိုင်တစ်ခွက်စီဖြင့် အရင်ဆုံးဧည့်ခံပြီး နောက်မှလက်ဖက်ရည်ငှဲ့ပေးကြသည်။
"ဒီပုံစံကြီးက...ကျွန်တော်တို့ရဲ့ကျန့်ဝေ့တစ်ယောက်...ပထမဆုံးမိန်းမရလို့ဂုဏ်ပြုပေးတဲ့ပွဲတစ်ခုလိုမျိုးနဲ့တူနေတယ်နော်"လင်ယွဲ့ဖေးက နောက်တောက်တောက် နှင့် ပြောလာသည်။
![](https://img.wattpad.com/cover/343980632-288-k522782.jpg)
YOU ARE READING
တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်း
RomanceDressed up as a Real Mom Status in Coo: 61 Chapter+1 Extra.