ကျောင်းမှာ assignment တင်ရတဲ့ ရက်မို့  Yixing ခွင့်တရက်ယူကာ ကျောင်းကအပြန် စာအုပ်ဆိုင် တဆိုင်ထဲဝင်ဖြစ်သည်။ ကျောင်းသင်ခန်းစာအတွက် လေ့လာဖို့ လိုအပ်တဲ့ စာအုပ်တချို့ ကို ရွေးပြီး casher မှာငွေရှင်းဖို့ လုပ်တဲ့အခါမှ ပြဿ နာက စတော့တယ်။ အဆောင်မှာ ပိုက်ဆံအိတ်မေ့ခဲ့တဲ့ကိုယ့်ကိုကိုယ်သာ နုပ်နုပ်စင်းပစ်ချင်တော့တယ်။
ကျောပိုးအိတ်ထဲ မွှေနှောက်ရှာလိုက်တော့ ဘေးဇစ်ထဲထည့်ထားတဲ့ အကြွေတချို့ နဲ့  ဘတ်စ်ကားစီးဖို့  ကဒ်ကလွဲပြီးဘာမှထွက်မလာဘူး။ ဘောင်းဘီအိတ်ကပ်ထဲနှိုက်ရှာတော့လည်း လက်ထဲပါလာတာ ပီကေအခွံတခု။ casher မှာ လူရှင်းနေလို့ သာ တော်တော့တယ်။ မဟုတ်ရင် အရှက်တော့ကွဲပြီ။
" aiya... wo de tian le... "
သူ စိတ်ပျက်လက်ပျက်ညည်းရင်း ချွေးပြန်နေတုန်း
" ဒီကဒ်နဲ့ ရှင်းလိုက်ပါ "
သူ့ ဘေးနားကို လူတယောက်လာရပ်ပြီး casher က ဝန်ထမ်းကောင်မလေးကို black card ထုတ်ပေးလိုက်တော့ သူအလန့် တကြားမော့ကြည့်မိတယ်။
*ဟိုတနေ့ က အစ်ကိုကြီးပဲ*
သူ့ စိတ်ထဲ တိတ်တိတ်လေး တွေးရင်း ပျော်မိသလို ပိုက်ဆံမရှင်းနိုင်တဲ့ အနေအထားနဲ့ မှ လာတွေ့ နေတော့ ရှက်လည်းရှက်မိပြန်တယ်။
ထိုသူကတော့ မြင့်မားတဲ့ အရပ်နဲ့ လိုက်ဖက်စွာ smart ကျကျ ရုံးတက်အဝတ်အစားနဲ့  ဘယ်အချိန်တွေ့ တွေ့  ခန့် ညားနေတယ်။ သူလည်း စာအုပ်လာဝယ်တာပဲ။
ငွေရှင်းခြင်း ကိစ္စပြီးတော့ စာအုပ်ထုတ်ကို ဆွဲပြီး ခါးကို 90° bow ကုန်း, ခေါင်းငုံ့ ရင်းသာ ကျေးဇူးတင်စကားပြောမိတယ်။
" gamsamitha တကယ်ကို ကျေးဇူးတင်တာပါ ကျနော် ကိုကလည်း မေ့လွန်းပါတယ် ပိုက်ဆံအိတ်တောင်မပါပဲ အပြင်ထွက်တာဆိုတော့ အားနာလို့  ဘယ်လို ပြောရမှန်းတောင် မသိဘူး အစ်ကို့  bank acc ပေးပါလား ကျနော် ငွေပြန်လွှဲပေးပါ့မယ် ဒါမှ မဟုတ်လည်း ဆိုင်ကိုလိုက်ခဲ့ပါလား ကျနော့် ဘော်ဒါတွေဆီက တောင်းရင်ရပါတယ် "
ထိုသူကတော့ ခပ်ပြုံးပြုံးနဲ့ 
" gwinchana စိတ်ထဲမထားပါနဲ့  အစ်ကိုလည်း စာအုပ်လာဝယ်ရင်း လမ်းကြုံလို့ ကူညီတာပါ ဟိုတနေ့ က ညီလေး ရွေးပေးလိုက်တဲ့ cupcake လေးတွေကို သမီးလေးက အရမ်းကြိုက်တယ်လေ နောက်လည်း များများဝယ်ခဲ့ပါတဲ့ အစ်ကိုကတောင် ငါ့ညီကို ကျေးဇူးတင်ရမှာ နောက်တခါဆိုင်လာမှပဲ ပြန်ပေးပါ "
![](https://img.wattpad.com/cover/111453037-288-k585788.jpg)
ВЫ ЧИТАЕТЕ
နစ် [နစ်]
ФанфикKray (yoai) & Mpreg Zawgyi & Unicode ခင်ဗျားကို ချစ်ရတာ ကမ်းမမြင်တဲ့ ပင်လယ်ကြီးထဲ လက်ပစ်ကူးနေရသလိုပဲ ... ဘာကိုမျှော်လို့ မျှော်လင့်ရမှန်းမသိပဲ ... ခြေကုန်လက်ပမ်းကျနေလည်း ဘယ်လိုမှ မရပ်တန့်ရဲပဲ ဆက်ပြီး ကူးခတ်နေရတယ် ရပ်တန့်လိုက်ရင် သေသွားမယ်ဆိုတာ သိနေ...