အချိန်ဘယ်လောက်ကြာအောင် အိပ်ပျော်သွားသည်မသိ ... Yixing နိုးလာတော့ ညနေစောင်းနေပြီ
သူ့ အိပ်ခန်းထဲက ကုတင်ပေါ်မှာ အိပ်ပျော်နေခဲ့တာပဲ
သူ မှတ်မိသလောက် Yifan ပေါင်ပေါ်ခေါင်းအုံးရင်း ဧည့်ခန်းရဲ့ ကြမ်းပြင်ပေါ်မှာ အိပ်နေခဲ့တာပါ။သူ ဇဝေဇဝါနဲ့  ကုတင်ပေါ်ငုတ်တုပ်ထိုင်ရင်း ဟိုကြည့်ဒီကြည့် လုပ်လိုက်တော့ ကုတင်ဘေးက စားပွဲလေးပေါ်တင်ထားတဲ့ မီးအိမ်လေးမှာ sticky notes လေးကပ်ထားတာတွေ့ လိုက်တယ်။ သူစာရွက်လေးကို ဆွဲခွာပြီး ဖတ်ကြည့်လိုက်တော့ တရုတ်လို ရေးထားတဲ့ လက်ရေးတွေ
" ge ပြန်သွားပြီ ... ကလေး အိပ်နေတာ အိပ်ရေးပျက်မှာစိုးလို့  သက်တောင့်သက်သာ အိပ်ရအောင် ကုတင်ပေါ်ရွှေ့ ပေးခဲ့တယ်
ကလေးနိုးလာရင် သောက်ဖို့  ge ဆန်ပြုတ် ပြုတ်ထားခဲ့တယ် ထမင်းစားပွဲပေါ်မှာ အုပ်ဆောင်းနဲ့  အုပ်ထားတာ မစားခင် ပြန်နွှေးလိုက်ဦးနော် "
Yixing စာဖတ်ရင်း ပြုံးနေမိတယ်။ သူပျော်လွန်းလို့  မျက်ရည်ပါဝဲတယ်။ သူအရမ်းမျှော်လင့်နေမိတဲ့ ge ရဲ့ တုံ့ ပြန်မှုတွေ ဂရုစိုက်မှု တွေ သူရပြီလေ။
သူ Yifan ဆီ ချက်ချင်း ဖုန်းခေါ်မိတော့ Yifan က ဖုန်းကိုင်လိုက်တယ်။
" အင်း ကလေး ပြော "
" ge အခုအိမ်မှာလား "
" မဟုတ်ဘူး သမီးကို ကျောင်းသွားကြိုမလို့ ကားမောင်းနေတာ "
" ဟုတ်လား ဒါဆို ကျနော် နောက်မှ ပြန်ဆက်လိုက်မယ် "
" ရပါတယ် ပြောပါ ကလေး ဘာပြောမလို့ လဲ "
" ကျေးဇူးအရမ်း တင်လို့ ပါ ge ရယ် ကျနော်အရူးအမူး လိုချင်နေတဲ့ ge ရဲ့ တုံ့ ပြန်မှု ကျနော့်အချစ်ကို အသိအမှတ်ပြုမှု ဂရုစိုက်မှု တွေအတွက် ကျနော် ရူးမတတ်ကို ပျော်ရတယ် "
" ကလေးရယ် ... ကဲပါ ကိုယ့်ကိုကိုယ် ဂရုစိုက် ဘာမှ စိတ်ဓါတ်မကျနဲ့  ကလေးလေး ... မနက်ဖြန်တိုင်းကို တို့ အတူတူ ကျော်ဖြတ်ကြမယ် ကျောင်းပြန်တက်နော် ကလေဖြစ်ချင်တဲ့ ဂီတပညာရှင်ဖြစ်အောင် စိတ်ဓါတ်မကျပဲ ကြိုးစားရမယ်နော် "
VOCÊ ESTÁ LENDO
နစ် [နစ်]
FanficKray (yoai) & Mpreg Zawgyi & Unicode ခင်ဗျားကို ချစ်ရတာ ကမ်းမမြင်တဲ့ ပင်လယ်ကြီးထဲ လက်ပစ်ကူးနေရသလိုပဲ ... ဘာကိုမျှော်လို့ မျှော်လင့်ရမှန်းမသိပဲ ... ခြေကုန်လက်ပမ်းကျနေလည်း ဘယ်လိုမှ မရပ်တန့်ရဲပဲ ဆက်ပြီး ကူးခတ်နေရတယ် ရပ်တန့်လိုက်ရင် သေသွားမယ်ဆိုတာ သိနေ...