6. အနားနားအမြဲရှိချင် [အနားနားအမြဲရှိချင်]
2.1K 218 17
" Yixing ya...  အခန်းပြင်လေးဘာလေးထွက်ပြီး တခုခုစားပါဦးကွာ... မင်းကြည့်ရတာ စိတ်နဲ့ လူနဲ့  မကပ်သလိုပဲ "
Luhan က အခန်းထဲဝင်လာပြီး Yixing ဘေးမှာထိုင်နေရင်း ပြောလိုက်တယ်။
မနေ့ ကညနေက Yifan ကို ဆေးရုံမှာ သွားကြည့်ပြီးပြန်လာကတည်းက အခန်းထဲက နံရံကို ကျောမှီရင်း ငုတ်တုပ်ထိုင်နေတာ ဘယ်နှနာရီ ရှိမှန်းမသိတော့ဘူး။ ငိုရလွန်းလို့  မျက်လုံးတွေလည်း မို့ အစ်နေပြီ။
သတင်းကြားကြားချင်း စိတ်အရမ်းပူပြီး ပြေးသွားခဲ့ပေမယ့် မျက်နှာတောင်သေချာမြင်ခွင့်မရခဲ့ဘူး။
" aiya... ငိုထားလိုက်တာ နှပ်တွေလည်း ရွှဲနေတာပဲ ကလေးလား မင်းက သွား လန်းဆန်းသွားအောင် ရေချိုးလိုက် ငါတို့ ညစာစားမလို့ မင်းကိုစောင့်နေတာ "
Luhan က တရုတ်အချင်းချင်းမို့ ထင်ပါတယ် သူ့ ထက်လည်း အသက်ကြီးတော့ သူ့ ကိုဆို ညီလေးတယောက်လို ဂရုစိုက်ပေးတယ်။
" Lu ge... "
" ဟင် "
" ကျနော် ... ကျနော့်ကိုကျနော် ဘာဖြစ်နေမှန်းလည်း မသိတော့ဘူး မနေ့ က Yifan ge သတင်းကြားတော့ အရမ်းစိတ်ပူသွားတာ ခေါင်းထဲမှာပူထူပြီး ဘာမှမတွေးနိုင်တော့ပဲ ဆေးရုံကို အမြန်ဆုံးသွားခဲ့ပေမယ့် ကျနော့်ကို ဝင်ခွင့်မပေးကြဘူး ကျနော်လေ ဒီရင်ထဲမှာ အရမ်း မွန်းကြပ်ပြီးနာကျင်တယ် နာလွန်းလို့ ဘယ်လိုလုပ်ရမလဲ ပြောပါဦး "
အင်္ကျီရင်ဘတ်ကို လက်နဲ့ ဆွဲဆုပ်ရင်း ပြောကာ ငိုနေတဲ့ Yixing ကို Luhan က နားလည်နေသလို ပြုံးပြီး နားထောင်ရင်း ပုခုံးကို ဆွဲဖက်လိုက်ကာ ကျောပြင်ကို ခပ်ဖွဖွပုတ်ပြီး နှစ်သိမ့်ပေးနေတယ်။
" ge သိတယ် ... Yixing ရင်ထဲမှာ ဘာတွေဖြစ်နေလဲ ဆိုတာ ge နားလည်ပါတယ် "
" ဟင်! ကျနော့်ကိုကျနော်တောင် မသိတာ Lu ge က ဘယ်လိုသိတာလဲ "
Yixing က Luhan ရင်ခွင်ထဲ ခေါင်းမီပြီးငိုနေရာက Luhan မျက်နှာကို မော့ကြည့်ပြီး မေးလိုက်တယ်။
နစ် [နစ်]Место, где живут истории. Откройте их для себя