1. အမှားတခု အစပျိုးခြင်း [အမှားတခု အစပျိုးခြင်း]

4.8K 331 11
                                    

" လက်ရှိမိုးလေဝသနဲ့  ဇလဗေဒ တိုင်းထွာချက်များအရ အားပျော့တဲ့ မုန်တိုင်းရဲ့ အရှိန်ကြောင့် seoul မြို့ နဲ့  အနီးတဝိုက်မှာတော့ ယနေ့ မှစပြီး နောက် ၂ ရက်အတွင်း မိုးထစ်ချု န်း ရွာနိုင်ပါတယ် "

" ကျစ် "

ရေဒီယိုက လွှင့်နေတဲ့ မိုးလေဝသ ကြေညာချက်ကြောင့် Yifan ကားမောင်းနေရာမှ စုတ်တချက်သတ်လိုက်ပြီး ရေဒီယိုကို ပိတ်လိုက်တယ်။

စက်ရုံတွေလိုက်စစ်ဆေးနေတုန်း မိုးက ဆက်တိုက်ရွာနေတော့ တနေ့ လုံး ချမ်းစိမ့်စိမ့်နဲ့ ရေတွေ စိုနေတာ နေရတာအဆင်ကို မပြေပါဘူး။ မနက်ဖြန်လည်း အပန်းဖြေအိမ်ယာစီမံကိန်းအတွက် foundation စတည်နေပြီဖြစ်တဲ့ ဆောက်လုပ်ရေး site ထဲ သွားစစ်ရဦးမယ်။ ဒီရာသီဥတုနဲ့ တော့ ရွှံ့ တောထဲ သွားရမှာ ခက်ရချည်သေးရဲ့ ။

ကိုယ်ပိုင် ဆောက်လုပ်ရေးလုပ်ငန်းစု ကို ဦးဆောင်နေပြီး ကိုယ်တိုင်ကလည်း မြို့ ပြ အင်ဂျင်နီယာဘွဲ့  ရထားတဲ့ သူတယောက်ဆိုတော့ site engineer တွေ ရှိလည်းပဲ ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးရတာ အကျင့်ဖြစ်နေပြီ။ ဒီ အိမ်ယာစီမံကိန်းက German company တခုက ရှယ်ယာဝင်ထားတာ ဖြစ်တဲ့ အတွက် အမှားကင်းချင်တာလည်း ပါတယ်။ ဒီ project အတွက် မြေနေရာကို တခြားကုမဏ္ဏီတွေထပ် ဈေးပြိုင် လေလံဆွဲပြီး ဝယ်ခဲ့ရတာဆိုတော့ တော်ရုံ အရင်းအနှီးတော့ မဟုတ်ဘူး။

" So lucky my love oh... So lucky to have you "

အတွေးထဲ နစ်နေရင်း ဖုန်းမြည်လာတာကြောင့် bluetooth နားကြပ်ကို နားထဲ ထည့်လိုက်ပြီး

" ပြော ချစ် "

" ကို ပြန်လာနေပြီလား "

တဖက်က အိမ်သူသက်ထားရဲ့ အသံ ကြားကြားချင်း ရှုပ်နေတဲ့ စိတ်တွေ ကြည်လင်သွားတယ်။

" အင်း ချစ် ကိုယ် လမ်းမှာ ကားတွေပိတ်နေလို့ ကွာ ချစ် ဘာမှာ မလို့ လဲ "

" arnni ချစ်က မမှာတော့ပါဘူး nini လေးက baba ပြန်လာရင် cup cake ဝယ်ခဲ့ပါဆိုလို့ "

" ဟုတ်လား "

" baba သမီး cup cake စားချင်တယ် ဝယ်ခဲ့နော် "

ဖုန်းပြောနေရင်း သမီးလေးရဲ့ အသံလေးကြားလိုက်တော့ Yifan သွားဖုံးတွေ ပေါ်သည်အထိ ပြုံးလိုက်မိကာ

နစ် [နစ်]Donde viven las historias. Descúbrelo ahora