29. အဆုံးသတ် [အဆုံးသတျ]

4.5K 246 92
                                    

ခြံတံခါးကို အပြင်က သေချာသော့ခတ်နေတုန်း ဖုန်းဝင်လာတာကြောင့် Yifan နားထောင်လိုက်တယ်။

" အေး Chanyeol ပြော "

" Yifan ... ငါ ... ဒီနေ့  ငါ့သားလေး မွေးတယ် ... ငါ သူ့ ကို Park Yixing လို့ နာမည် ပေးထားတယ် Beakhyun ကလည်း သဘောတူတယ်လေ ... ငါ သားလေးကို Yixing လိုမျိုး နှလုံးသားဖြူ စင်ပြီး ဂီတကို မြတ်နိုးတဲ့ လူသားတယောက်ဖြစ်အောင် ငါ ပျိုးထောင်မယ်ကွာ... "

ဝမ်းသာဝမ်းနည်းဖြစ်နေတဲ့ Chanyeol အသံဟာ စိတ်အရမ်းလှုပ်ရှားနေမှန်း သိသာပါတယ်။

" ဂုဏ်ယူပါတယ် Chanyeol ရာ မင်း အတွက်ငါ ဝမ်းသာတယ် "

Chanyeol လည်း Yixing ဆုံးပြီး သိပ်မကြာဘူး America ကို အပြီးထွက်သွားတော့တယ်။ သံယောဇဉ် ကြီးတဲ့ Chanyeol တယောက် Yixing ကို မမေ့နိုင်သေးတဲ့ ပုံပဲ။ နှစ်အတန်ငယ်ကြာအောင် တယောက်တည်းနေပြီးမှ ပြီးခဲ့တဲ့နှစ်က သူ့ ပရိတ်သတ် ကောင်မလေး တယောက်နဲ့  လက်ထပ်ဖြစ်ခဲ့ပေမယ့် မွေးလာတဲ့ သားလေးကို Yixing နာမည်ပေးခဲ့တယ်။

" မင်းရော စတူဒီယို မှာပဲလား "

Yifan က ကားကို စက်နှိုးနေရင်း

" arnni ... ငါ ဒီနေ့  Yixing နဲ့  သွားတွေ့ မလို့  "

" သြော် ... ဟုတ်သားပဲ ဒီနေ့ ဆို Yixing ဆုံးတာ ၁၀ နှစ်ရှိပြီနော် "

" အင်း ... အခုတော့ ငါစောင့်ရမယ့် အလှည့်ရောက်သွားတာပေါ့ကွာ "

" အေးပါ Yifan မင်းလည်း တယောက်တည်း နေတာဆိုတော့ ကျန်းမာရေးကို ဂရုစိုက်ဦးနော် Yixing နဲ့ တွေ့ ရင် ငါလည်း သတိရတဲ့အကြောင်း ပြောပေးပါဦး "

" အင်း အင်း ဒါဆို ငါ ဖုန်းချလိုက်တော့မယ်နော် "

" အေး သူငယ်ချင်း "

ဖုန်းချလိုက်ပြီးတော့ ကားကို မှန်မှန်မောင်းရင်း Yifan ပြုံးမိတယ်။ ကလေးနဲ့  ပြောစရာ စကားတွေ အများကြီး ရှိတယ်လေ။

မြက်ခင်းတွေ စိမ်းနေအောင်ခင်းထားတဲ့ တောင်စောင်းလေးတလျှောက် လေပြည်လေးက တဖြူးဖြူးတိုက်နေတယ်။ Yifan တောင်ကုန်းလေးအတိုင်း ခပ်ဖြည်းဖြည်း တက်လာပြီး မီးခိုးရောင် အုတ်ဂူ လေးရှေ့ ရောက်တော့ ခြေလှမ်းတို့ ကို ရပ်တန့် လိုက်တယ်။

နစ် [နစ်]Hikayelerin yaşadığı yer. Şimdi keşfedin