ဘေးခုံမှာ အသက်ရှူသံမှန်မှန်နဲ့  အိပ်ပျော်နေတဲ့ Yixing ကို Yifan အချိန်အတော်ကြာငေးကြည့်နေမိတယ်။
ဝိုင်သောက်ပြီးတော့ ရီဝေဝေလေးဖြစ်နေတဲ့ မျက်လုံးစင်းစင်းလေးတွေနဲ့ ရဲနေတဲ့ နှုတ်ခမ်း ထော်ထော်လေးကို သူမြတ်နိုးတတ်နေပြီ။
ကားထဲမှာ အိပ်လို့ ရအောင် ခုံကိုနောက်လှန်ပေးထားပြီး စောင်ပါးလေးတထည်ကို အပေါ်က ခြုံပေးထားလို့  ကောင်းကောင်းအိပ်ပျော်နေတယ်။
မနက်စာ စားပြီးတော့ အပြင်လိုက်ပို့ ပေးမယ်ပြောတော့ တိရစ္ဆာန်ရုံသွားချင်တယ် ဆိုတာနဲ့  သူလည်း လိုက်ပို့ ပေးတာ ကားပေါ်မှာ တိတ်ဆိတ်နေလို့ လှည့်ကြည့်လိုက်တော့ အိပ်ပျော်နေပြီ။
သူလည်း တိရစ္ဆာန်ရုံ ဝန်းထဲမှာပဲ ကားရပ်ထားပြီး ကားထဲမှာ နေနေတယ်။ Yixing ရဲ့ နဖူးပေါ်အုပ်နေတဲ့ ဆံပင်လှိုင်းတွန့် လေးတွေကို လက်နဲ့ သပ်တင်ပေးလိုက်တော့ နဖူးပြင်ပြေပြေလေးကို မြင်နေရတယ်။
" အင်း... "
သူကြည့်နေတုန်းမှာပဲ Yixing က မျက်လုံးတွေကို လက်နဲ့ ပွတ်သပ်ရင်း နိုးလာတယ်။
" ge... ကျနော်တို့  တိရစ္ဆာန်ရုံ ရောက်ပြီလား "
" ကြာပေါ့ "
" အာ့ဆိုဘာလို့ မနှိုးတာလဲ တော်ကြာ ညနေစောင်းလို့  ပိတ်သွားဦးမယ် "
" အမလေး အချိန်တွေ အများကြီး ရှိပါသေးတယ်ဗျာ "
ဆံပင်ကောက်ကောက်လေးတွေကို ဆွဲဖွရင်း ပြောလိုက်တော့ အလိုမကျစွာ မျက်မှောက်ကျုတ်လာရင်း
" ah ge ... ခဏခဏ ဆံပင်တွေ မဖွနဲ့ လေ style ပျက်တယ်ဆို "
" ငှက်သိုက်လို အပုံလိုက်လေးဆိုတော့ အသည်းယားလို့ ပါ ကလေးရဲ့  ကလေးဆံပင်လေးတွေက ပုံသွင်းထားတာလား နဂိုကောက်လား "
" နဂိုကောက်ပါ ge ကလည်း သူများဆံပင်ကို ငှက်သိုက်တဲ့ mama ကပြောတယ် ငါ့သားလေးက ဘယ်လိုနေနေ ချစ်ဖို့ ကောင်းပြီးသားတဲ့ "
သူ့ ရဲ့  နားသယ်စပ်က ကောက်ကောက်ကွေ့ ကွေ့ လေးတွေကို လက်နှစ်ဖက်နဲ့ သပ်ပြီး ပြောနေတဲ့ပုံကြောင့် Yifan ပိုပြီး အသည်းယားလာကာ ပါးလေးကို မနာအောင် ခပ်ဖွဖွ ဆွဲဖျစ်လိုက်တယ်။
![](https://img.wattpad.com/cover/111453037-288-k585788.jpg)
ESTÁS LEYENDO
နစ် [နစ်]
FanficKray (yoai) & Mpreg Zawgyi & Unicode ခင်ဗျားကို ချစ်ရတာ ကမ်းမမြင်တဲ့ ပင်လယ်ကြီးထဲ လက်ပစ်ကူးနေရသလိုပဲ ... ဘာကိုမျှော်လို့ မျှော်လင့်ရမှန်းမသိပဲ ... ခြေကုန်လက်ပမ်းကျနေလည်း ဘယ်လိုမှ မရပ်တန့်ရဲပဲ ဆက်ပြီး ကူးခတ်နေရတယ် ရပ်တန့်လိုက်ရင် သေသွားမယ်ဆိုတာ သိနေ...