တပတ်လုံး Yixing ကို မတွေ့ ပဲ နေနိုင်လားလို့  ဆန်းစစ်နေမိတဲ့ Chanyeol ကိုယ့်ကိုကိုယ်သာ သတ်ပစ်ချင်တော့တယ်။ တကယ်ဆို ဒီကလေး အနားမှာ ဘာအကြောင်းပဲ ရှိရှိ နေပေးသင့်တာ ။ ဒီနေ့ လည်း Incheon ဘက်ကို ခဏလာရင်း shopping mall ထဲက ထွက်လာတဲ့ Yifan ရဲ့  ကားကို မြင်တာကြောင့် ကားပေါ်မှာလည်း Yixing ကို မြင်တာနဲ့  သူလည်း အနောက်ကနေ မသိမသာ ကားနဲ့  လိုက်လာခဲ့တာ ။
privacy တွေ personal တွေ ဂရုမစိုက်မိတော့ပဲ Yixing အဆင်ပြေရဲ့ လား ပဲ ခေါင်းထဲ တွေးမိတဲ့ အတွက် သူ တောက်လျှောက် လိုက်လာခဲ့ရာကနေ လမ်းတဝက်အရောက်မှာ ကားပေါ်က အထုတ်တွေ ဆွဲပြီး ဆင်းလာတဲ့ Yixing ကြောင့် သူ မသိမသာ အကဲခတ်နေခဲ့တယ်။ Yifan ကား ထွက်သွားပြီးနောက် လမ်းမပေါ် ငုတ်တုပ်ထိုင်ချလိုက်တဲ့ Yixing ကိုမြင်တော့ အခြေအနေ မဟန်မှန်း ရိပ်မိပြီး သူလည်း ကမန်းကတန်း ပြေးသွားခဲ့မိတာပဲ။
" ရှေ့ နားက အိမ်ပဲ hyung "
Chanyeol ကားမောင်းလာရင်း Yixing ပြောတဲ့ အိမ်ရှေ့ ကားကို အရှိန်သပ်လိုက်တယ်။
Yixing က ခြံတံခါးက code နံပါတ်တွေ ရိုက်ပြီး ဖွင့်လိုက်ကာ
" ရောက်လက်စနဲ့ အိမ်ထဲဝင်ပါဦးလား hyung "
အစက မဝင်တော့ဘူးလို့  စဉ်းစားပေမယ့် ကြည့်ရတာ Yixing တယောက်တည်းဖြစ်နေတာကြောင့် သူလည်း အိမ်ထဲကို ကားကွေ့ ဝင်လိုက်ပြီး အိမ်ရှေ့ က ဆင်ဝင်အောက်မှာပဲ ရပ်ထားလိုက်တယ်။ခြံဝင်းလေးက ကျယ်ပြီး မြက်ခင်းတွေ စိမ်းနေအောင်ခင်းထားကာ ခြံဝင်းတံတိုင်းပေါ်မှာ စက္ကူ ပန်း ခရမ်းရောင်လေးတွေ အဆုပ်လိုက်ပွင့်နေကြတယ်။ နှစ်ထပ်တိုက်အိမ်လေးက နေချင်စရာလေးပါပဲ။
Chanyeol က Yixing ဈေးဝယ်ထားတဲ့ အထုတ်တွေကို သယ်ပေးပြီး အိမ်ထဲဝင်သွားတော့ Yixing က သူ့ လက်ထဲက ပန်းချီကားကို ဧည့်ခန်းထဲက စားပွဲခုံပေါ် ခဏတင်ထားလိုက်ပြီး
" hyung အထုတ်တွေ ကျနော့်ကိုပေး hyung ဒီမှာ ခဏထိုင်ဦး ဘာစားမလဲ စဉ်းစားထားနော် "
" ရတယ် Yixing အေးဆေးနေ hyung ကို တကူးတကကြီး ဧည့်ခံမနေနဲ့  "
" hyung လည်း ကျနော့်ကို အားမနာပါနဲ့ ဗျာ "
KAMU SEDANG MEMBACA
နစ် [နစ်]
Fiksi PenggemarKray (yoai) & Mpreg Zawgyi & Unicode ခင်ဗျားကို ချစ်ရတာ ကမ်းမမြင်တဲ့ ပင်လယ်ကြီးထဲ လက်ပစ်ကူးနေရသလိုပဲ ... ဘာကိုမျှော်လို့ မျှော်လင့်ရမှန်းမသိပဲ ... ခြေကုန်လက်ပမ်းကျနေလည်း ဘယ်လိုမှ မရပ်တန့်ရဲပဲ ဆက်ပြီး ကူးခတ်နေရတယ် ရပ်တန့်လိုက်ရင် သေသွားမယ်ဆိုတာ သိနေ...