" အဲ့တော့ အဲ့ hyung က မင်းကို မုန့် တွေ လာပေးသွားတယ်ပေါ့ "
မနက်စာ အတူစားနေကြတော့ Xiumin က ပေါင်မုန့် ကို ပါးစပ်နဲ့ အပြည့်ထည့်ရင်း မေးလာတယ်။
" အင်း "
Yixing က ပြုံးပြုံးလေး ခေါင်းညိတ်ပြတော့ Xiumin က သဘောကျသလို တခွိခွိနဲ့  ကြိတ်ရယ်နေရင်း
" ကောင်းတယ် ငါလည်း စားရတယ် အဲ့ hyung ကို နောက်တခါတွေ့ ရင် ပြောလိုက်ပါ ငါကလည်း ကျေးဇူးတင်ပါတယ်လို့ "
Luhan နဲ့  Sehun ကတော့ မုန့် တွေကို ခေါင်းမဖော်တမ်း စားပြီး သွားတော့
" ကဲ ငါတို့  ကျောင်းသွားလိုက်ဦးမယ် ညနေ ဆိုင်လာခဲ့မယ် လောလောဆယ် အပင်ပန်းခံလိုက်ဦး "
" arasaw arasaw "
Sehun နဲ့  Luhan လောလော လောလောနဲ့  သွားပြီး အိမ်ပေါက်ဝနားရောက်မှ မသွားသေးပဲ Sehun က တခုခုကို သတိရသွားပြီး အိမ်ထဲပြန်လှမ်းအော်သေးတယ်။
" အော် ဟေ့ရောင်တွေ ဒီနေ့  အိမ်သန့် ရှင်းရေး မင်းတို့ အလှည့်နော် "
" အေးပါကွာ သိပါတယ် အစားလေးတော့ ဖြောင့်ဖြောင့် စားပါရစေဦး "
Xiumin က ပလုပ်ပလောင်းနဲ့  လှမ်းအော်မှ သူတို့ နှစ်ယောက် အိမ်တံခါးဆွဲပိတ်ပြီး ထွက်သွားကြတယ်။
ရေမိုးချိုး အဝတ်အစားလဲပြီး ဆိုင်သွားဖို့ ပြင်ဆင်တော့ Yixing ကိုယ့်ကိုကိုယ် မှန်ထဲကြည့်ရင်း ဆံပင်ကို gel နဲ့  ကြည့်ကောင်းအောင် ပုံသွင်းလိုက်တယ်။
အင်္ကျီကိုလည်း ခရမ်းရင့်ရောင် ရှပ်အင်္ကျီ ပြောင် လေးနဲ့  ဂျင်းဘောင်းဘီ ခပ်မွဲမွဲ အရောင် ကို တွဲဝတ်လိုက်ပြီး စိတ်တိုင်းကျသွားတဲ့နောက် Xiumin နဲ့  ဆိုင်ကိုထွက်လာကြတယ်။ သူတို့ နေတဲ့ တိုက်ခန်းနဲ့  အချိန်ပိုင်း အလုပ်လုပ်တဲ့ ကော်ဖီဆိုင်လေးက သိပ်မဝေးတာမို့  စက်ဘီးပဲ စီးသွားကြတယ်။
ဆိုင်ရောက်တော့ ယူနီဖောင်းလဲဝတ်ပြီး အလုပ်စလုပ်ကြရတော့တာပေါ့။ ကော်ဖီဖျော်နေရင်း သူ ခဏခဏ ဆိုင်တံခါးဝလေးကို မျှော်ကြည့်မိတယ်။ ပတ်တီးဖြည်ထားခါစ လက်က အလုပ်လုပ်ရင်း အခန့် မသင့်လို့  လက်ဆစ်နာသွားတော့ ရုတ်တရက်ကြီး အိမ်ရောက်လာပြီး မုန့် တွေ ဝယ်ပေးသွားတဲ့ Yifan ကို သတိရမိလာရော ...
YOU ARE READING
နစ် [နစ်]
FanfictionKray (yoai) & Mpreg Zawgyi & Unicode ခင်ဗျားကို ချစ်ရတာ ကမ်းမမြင်တဲ့ ပင်လယ်ကြီးထဲ လက်ပစ်ကူးနေရသလိုပဲ ... ဘာကိုမျှော်လို့ မျှော်လင့်ရမှန်းမသိပဲ ... ခြေကုန်လက်ပမ်းကျနေလည်း ဘယ်လိုမှ မရပ်တန့်ရဲပဲ ဆက်ပြီး ကူးခတ်နေရတယ် ရပ်တန့်လိုက်ရင် သေသွားမယ်ဆိုတာ သိနေ...