ဒီနေ့  ဆို သားလေး ဆုံးသွားတာ ၁လ ရှိပြီ . အချိန်ပြည့် အိမ်တွင်းအောင်းနေတဲ့ Yixing ကို Chanyeol အဖော်ပြု ပေးရင်း ရင်တွေလည်းနာလှပြီ။ ညဘက်ဆို အိပ်မက်ဆိုးတွေကြောင့် လန့် နိုးပြီး ပြန်မအိပ်နိုင်တဲ့ Yixing ကို စိတ်မချတာနဲ့  Chanyeol လည်း Yixing နဲ့  အတူတူလာအိပ်ပေးတယ်။ တကုတင်တည်းအိပ်တာ ဆိုပေမယ့် ဒီကောင်လေးကို စိတ်မချတာကလွဲရင် Chanyeol ဘာမှ စည်းမကျော်ခဲ့ ...
ညညဆို ကုတင်ပေါ် ပက်လက်လှန်ရင်း မျက်လုံးတွေက မျက်နှာကျက်ပေါ် အချိန်အတန်ကြာ စိုက်ကြည့်နေတဲ့ Yixing က Yifan ဆိုပြတတ်တဲ့ သီချင်းလေးကို ဖွင့်ပေးမှပဲ အိပ်ပျော်သွားတယ်။
အရင်တုန်းက နေသာတဲ့ နေ့ တွေ ခြံထဲမှာ ထိုင်ရင်း Yifan က သီချင်းဆို Chanyeol က ဂီတာတီးတော့ Yixing က ဖုန်းနဲ့  အသံသွင်းထားတယ်လေ။ အခုတော့ အဲ့တာက သူ့ အတွက် ညအိပ်ရာဝင်တေးပေါ့။
🎵 🎵I see trees of green ....
Red roses too...
I see them bloom..
For me and you ....
And I think to myself....
What a wonderful world 🎵🎵ဂီတာသံအေးအေးလေးနဲ့  Yifan ရဲ့  အသံသြရှရှတို့ က ငြိမ့်ငြိမ့်ညောင်းညောင်း ထွက်လာပြီး နာကျင်နေတဲ့ သူ့ စိတ်အစဉ်ကို ခဏတော့သက်သာရာရသွားစေတယ်။ သီချင်းစာသားလေးအတိုင်း လောကကြီးက သာယာလှပနေရင် ဘယ်လောက်များကောင်းလိုက်မလဲ။
" Yixing ... ညနက်နေပြီ အိပ်ရေးဝအောင် အိပ်လိုက်နော် ... "
" hyung... "
ကုတင်ပေါ်မှာ ပက်လက်လှဲကာ မျက်နှာကျက်ကို မော့ကြည့်နေရင်း ခပ်တိုးတိုးခေါ်တာကြောင့် Chanyeol လည်း ထူးလိုက်တယ်။
" ဟင် "
" မနက်ဖြန် သားလေး ကို သွားတွေ့ ချင်တယ် ... သူအဆင်ရောပြေရဲ့ လား ကျနော် သိချင်တယ် "
" အင်း Yixing နေကောင်းတဲ့နေ့ ကျရင် သွားတွေ့ မယ်လေ "
" ကျနော် ... နေကောင်းပါတယ် သားလေး ကို လွမ်းလို့ ပါ "
" အင်းပါ... hyung တို့ သွားကြတာပေါ့ "
" သူ့ အတွက် အဝတ်အစားလေးတွေနဲ့ အရုပ်လေးတွေ ဝယ်ထားတာ သိရင် အရမ်းပျော်မှာပဲနော် "
" အင်း ... သူပျော်မှာပါ Yixing အိပ်တော့နော် စောစောအိပ်ရင် နောက်တနေ့ စောစော ရောက်တယ်လေ "
YOU ARE READING
နစ် [နစ်]
FanfictionKray (yoai) & Mpreg Zawgyi & Unicode ခင်ဗျားကို ချစ်ရတာ ကမ်းမမြင်တဲ့ ပင်လယ်ကြီးထဲ လက်ပစ်ကူးနေရသလိုပဲ ... ဘာကိုမျှော်လို့ မျှော်လင့်ရမှန်းမသိပဲ ... ခြေကုန်လက်ပမ်းကျနေလည်း ဘယ်လိုမှ မရပ်တန့်ရဲပဲ ဆက်ပြီး ကူးခတ်နေရတယ် ရပ်တန့်လိုက်ရင် သေသွားမယ်ဆိုတာ သိနေ...