" လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ ပြန်လည်ဖြေကြားခြင်းမရှိပါသဖြင့် ..."
Chanyeol ဖုန်းကိုချလိုက်တော့တယ်။ သူဖုန်းခေါ်နေတာ ၁၀ ကြိမ်လောက်ရှိပြီ။ မနက် ၈နာရီ ကွက်တိဆို သူ Yixing တို့  တိုက်အောက်မှာ Yixing ကို စတူဒီယိုသွားဖို့  လာခေါ်နေကျလေ။ ဒီနေ့ တော့ သူတိုက်အောက်ရောက်နေလို့  ဖုန်းဆက်တာလည်း မကိုင်ဘူး။ အပေါ်တက်သွားတော့လည်း သော့ပိတ်ထားတာကြောင့် ကော်ဖီဆိုင်ကို လိုက်သွားပြီး အချိန်ပိုင်း အလုပ်လုပ်နေတဲ့ Yixing ရဲ့  သူငယ်ချင်းတွေကို မေးကြည့်တော့လည်း ညက အိမ်ပြန်မအိပ်ဘူးတဲ့။
" မနေ့ က နေ့ လည်ကတည်းက Yifan ge နဲ့  အပြင်လိုက်သွားတာ ပြန်မလာသေးဘူးဗျ ... သူနဲ့  Yifan ge က တော်တော်ရင်းနှီးတာ Yifan ge ကလည်း တရုတ်အချင်းချင်းမို့ ထင်တယ် သူ့ ကို တော်တော်လေး ဂရုစိုက်ပါတယ် ဘယ်လျှောက်သွားနေလဲတော့မသိဘူး ပြန်လာမှ မေးရမှာပဲ "
Sehun ပြန်ပြောပြတဲ့ စကားတွေကို နားထဲကြားရင်းသာ Chanyeol ဘယ်ကိုလိုက်ရမှန်းမသိပဲ ကားထဲမှာထိုင်နေတာ တော်တော်ကြာပြီ။
Yixing ကို studio မသွားခင် မနက်စာအတူတူစားချင်တာကြောင့် ခါတိုင်းထက် စောစောရောက်အောင်လာပြီးစောင့်နေတာ။ Yixing သွားချင်တဲ့နေရာရှိရင် လိုက်ပို့ ရအောင် အိမ်က ကားပါယူလာသေးတယ်။ သူမမောင်းတာကြာပြီဖြစ်တဲ့ Seoul က ယာဉ်ကြောတွေကို မှတ်မိအောင် ၂ပတ်လောက် သူ့ အစ်နဲ့  ကားမောင်းပြန်လေ့ကျင့်ထားတာလေ။ အခုတော့ Yixing က ဘယ်ရောက်နေမှန်းလည်း မသိ။ စိတ်ထဲ သိပ်မသင်္ကာတာကြောင့် Yifan ဆီဖုန်းဆက်တော့လည်း မကိုင်ဘူး။ Tao ဆီ ဖုန်းဆက်လို့ ရပေမယ့် သူ့ သံသယကြောင့် ကိစ္စတွေ ပိုရှုပ်ကုန်မှာစိုးတာနဲ့  မဆက်ဖြစ်ဘူး။ မသေချာတဲ့ အတွေးတွေနဲ့  တော့ ထင်ရာ မစွပ်စွဲချင်ပါ။
Yifan ဆိုတာလည်း ကိုယ့်သူငယ်ချင်းအရင်းမို့  အထင်မသေးချင်။ Yixing ဆိုတာလည်း အဖြူ ထည်လေးဆိုတာ သူသိတယ်။ ဒါပေမယ့် ဘာလို့  နှစ်ယောက်လုံး ဖုန်းမကိုင်ကြတာလဲ။
ကားကို Yixing တို့ နေတဲ့ ရပ်ကွက်ထဲမှာ ရပ်ထားပြီး ကားစတီယာရင်ပေါ် ခေါင်းမှောက်ချထားရင်း ကြံရာမရဖြစ်နေတယ်။

JE LEEST
နစ် [နစ်]
FanfictieKray (yoai) & Mpreg Zawgyi & Unicode ခင်ဗျားကို ချစ်ရတာ ကမ်းမမြင်တဲ့ ပင်လယ်ကြီးထဲ လက်ပစ်ကူးနေရသလိုပဲ ... ဘာကိုမျှော်လို့ မျှော်လင့်ရမှန်းမသိပဲ ... ခြေကုန်လက်ပမ်းကျနေလည်း ဘယ်လိုမှ မရပ်တန့်ရဲပဲ ဆက်ပြီး ကူးခတ်နေရတယ် ရပ်တန့်လိုက်ရင် သေသွားမယ်ဆိုတာ သိနေ...