21. ပြန်လာချိန်လေး [ပြန်လာချိန်လေး]

1.8K 173 28
                                    

photo studio တခုမှာ Yixing လည်း သူ့ ရဲ့  album cover အတွက် ဓါတ်ပုံရိုက်နေတယ်။

" ဟုတ်ပြီ မျက်နှာကို နည်းနည်းမော့ထားမယ် ... "

မီးအလင်းရောင်တွေ ထိုးထားတဲ့ အခန်းအပြင်အဆင် တခုထဲမှာ ဓါတ်ပုံဆရာ ပြောတဲ့အတိုင်း အမူအရာတွေ လိုက်လုပ်နေတဲ့ Yixing ကို Chanyeol ငေးကြည့်နေမိတယ်။

" ဆောင်းရာသီမှာ ပွဲဦးထွက် album ထွက်တာဆိုတော့ winter theme လေးနဲ့  သွားတာ ပိုကောင်းတယ်လေ "

ဘေးမှာ မတ်တပ်ရပ်ရင်း သူ့ လိုပဲ Yixing ဓါတ်ပုံရိုက်နေတာကို ကြည့်နေတဲ့ Chen ပြောတာကို Chanyeol ခေါင်းညိတ်လိုက်တယ်။

CEO Chen ကလည်း Chanyeol နဲ့  တော်တော်လေး ရင်းနှီးတာကြောင့် photo shooting အထိ လိုက်လာပြီး ကူညီပေးတယ်။

ဓါတ်ပုံကို တမျိုးပြီးတမျိုး ပို့ စ်ပေးခိုင်းပြီး ရိုက်နေတဲ့ ဓါတ်ပုံဆရာကို ကြာလာတော့ Chanyeol စိတ်မရှည်ချင်တော့ .

" နေပါဦး album ထုတ်တာ audio CD အခွေလေ ဘယ့်နှယ်ကြောင့် ပုံ ကို ရာနဲ့ ချီပြီး ရိုက်နေတာတုန်း "

အစတုန်းက သီချင်း 3ပုဒ်လောက်ကို Europe ဘက်သွားပြီး Yixing ကို Cello တီးနေတဲ့ ဟန်နဲ့  သဘာဝကျကျ MV ရိုက်ဖို့  စီစဉ်ထားပေမယ့် ကိုယ်ဝန်က လနုနေသေးတော့ အနေအထိုင် ဂရုစိုက်ရမယ် ဆိုတဲ့ ဆရာဝန် စကားကြောင့် သရုပ်ဆောင်ဖို့ အစီအစဉ်ကို Yixing ရော Chanyeol ရော နှစ်ယောက်တိုင်ပင်ပြီး ပယ်ဖျက်လိုက်တယ်။

Chen ကိုတော့ Yixing နေသိပ်မကောင်းလို့ ဆိုပြီး ငြင်းလိုက်တာပေါ့။ အဲ့တော့ Chen က နောက်တမျိုး စီစဉ်ပြန်တယ်။ audio ချည်းပဲ သီးသန့် ဆို လူငယ်တွေကြားထဲ ထိုးဖောက်ဖို့  အချိန်ကြာသွားနိုင်တယ် ဆိုပြီး Yixing ရဲ့  ဓါတ်ပုံတွေကို photo book အဖြစ် album ထဲ ထည့်ဖို့ လုပ်တယ်။

ဓါတ်ပုံစ ရိုက်တုန်းကတော့ အဆင်ပြေပေမယ့် ၂ နာရီလောက် ကြာအောင် အဝတ်တွေ တစုံပြီး တစုံလဲဝတ်လိုက် မတ်တပ်ရပ်လိုက် လမ်းလျှောက်လိုက် Cello တီးတဲ့ဟန် လုပ်နေလိုက်နဲ့  အမျိုးမျိုး ဟန်လုပ် နေရတော့ Yixing မျက်နှာက သိပ်မလန်းချင်တော့ ။

ဒါတောင် outdoor shooting မလုပ်ပဲ indoor သီးသန့်ရိုက်လို့ သာပေါ့။

ပင်ပန်းနေပုံရတဲ့ Yixing ကိုကြည့်ရင်း ပြောလာတဲ့ Chanyeol စကားကို Chen က ပြုံးလိုက်ကာ

နစ် [နစ်]Onde histórias criam vida. Descubra agora