4. အကြောင်းပြချက်မရှိ [အကြောင်းပြချက်မရှိ]

2.5K 228 6
                                    

ဂီတခန်းမထဲ band mate တွေနဲ့ တီးဝိုင်းတိုက်ရင်း Yixing စိတ်ထဲကနေ ဂီတသင်္ကေတတွေကို လိုက်မှတ်နေတယ်။

ခဏရပ်ဖို့  ဆရာက အချက်ပြလိုက်တာကြောင့် သူတို့ တီးနေတဲ့ တေးသွားကို အဆုံးသတ်လိုက်ကြတယ်။

" ကောင်းတယ် မဆိုးဘူး ဒါနဲ့  Yixing လက်သာသွားပြီလား "

Cello တီးတာ သိပ်မလိုက်နိုင်တဲ့ Yixing ကို ဆရာက သတိထားမိလို့ မေးလိုက်တယ်။

" ဟုတ်ကဲ့ ဆရာ သက်သာနေပါပြီ "

" အေးအေး ဂရုစိုက်နော် cello ကို solo တပိုဒ် သက်သက်ထည့်ပေးထားတော့ timing ကိုက်မှ ဖြစ်မယ် အခု Yixing တီးတာ တဘား နောက်ကျနေတယ်နော် ပြီးတော့ နားထောင်ရတာ ခံစားချက်မပါဘူးဖြစ်နေတယ် လက်ကို တတ်နိုင်သလောက် အလေးအပင်မတာမျိုး မလုပ်ပဲအနားပေးပါ "

" nae "

Yixing က ပြုံးပြုံးလေးပဲ ခေါင်းညိတ်ပြလိုက်တယ်။

အဲ့ဒီနောက် ဆရာက ကျောင်းသား အားလုံးကြားအောင် အသံမြှင့်လိုက်ပြီး

" အားလုံးကို ကြေညာစရာ တခုရှိတယ် အဲ့ဒါက ဒီတခေါက် လပတ်စစ်ဆေးမှုမှာ ခါတိုင်းလို စာမေးပွဲအောင်ဖို့ ကိုပဲ ဆုံးဖြတ်ပေးမှာ မဟုတ်ဘူးနော် တယောက်ချင်းစီရဲ့ လက်သံကိုပါ အကဲဖြတ်ပြီး အတော်ဆုံး ကျောင်းသားကို final year ရောက်တဲ့အထိ ပညာသင်ဆု ထောက်ပံ့ပေးမယ့် အစီအစဉ်ရှိတယ် တပည့်တို့ အားလုံးက အခုမှ first year ပဲရှိသေးတာဆိုတော့ ငယ်တုန်းရွယ်တုန်းမှာ အကောင်းဆုံးကြိုးစားကြစေချင်တယ် "

" ဟုတ်ကဲ့ပါ "

ညနေကျောင်းဆင်းတော့ ဆိုင်ကို တန်းမသွားဖြစ်ပဲ သူတို့ ရပ်ကွက်နားက ကလေးကစားကွင်းထဲ က ဒန်းပေါ်မှာ ထိုင်နေတယ်။ Cello တယောဗူးကို ပုခုံးက လွယ်ရင်း စက်ဘီး နင်းလာရတာလည်း ထင်သလောက် မလွယ်ဘူး။ သူ တယောဗူးနဲ့ စက်ဘီးကို သူထိုင်နေတဲ့ ဒန်းလေးရဲ့ အနားမှာ ထောင်ထားရင်း အတွေးတွေက နေ့ လည်က ဆရာပြောတဲ့ အကြောင်းအရာကိုပဲ တွေးနေမိတယ်။

ဆရာပြောတဲ့ သီတင်းကြားပြီးကတည်းက Yixing စိတ်လှုပ်ရှားနေတယ်။ အခုလက်ရှိ အချိန်ပိုင်း အလုပ်လုပ်ရုံနဲ့ ဆို အိမ်စရိတ်တောင် အနိုင်နိုင်ရယ် ။ ကျောင်းအပ်ပြီး စာရွက်စာတမ်းကြေး ကျောင်းလခ စာရင်းသွင်းပြီးတာနဲ့  သုံးစရာတောင်မကျန်တော့လို့  အဘွားမဆုံးခင်က ပေးခဲ့တဲ့ ရွှေဆွဲကြိုး လေး အပေါင်ဆိုင်ရောက်လိုက် ပြန်ရွေးလိုက်နဲ့  ကြာရင် ဆုံးတော့မှာ မြင်ယောင်နေတယ်လေ။

နစ် [နစ်]Where stories live. Discover now