13. Your Smile

2K 177 18
                                    

" ကြိုဆို... ဟင်! "

ညနေဆိုင်သိမ်းချိန်မို့  casher မှာ ငွေတွက်နေရင်း ဆိုင်တံခါးဖွင့်ပြီး လူဝင်လာတဲ့အသံကြားတော့ customer ထင်ပြီး Yixing နှုတ်ဆက်မလို့  ကြည့်လိုက်တော့မှ ဟိုနေ့ က တွေ့ ခဲ့တဲ့ Yifan ရဲ့ သူငယ်ချင်းဖြစ်နေတယ်။

" hyung ဒီကို ဘယ်လိုလုပ် ! "

" aww Yifan က ဒီဆိုင်က ကော်ဖီရော ကိတ်တွေရော ကောင်းတယ်လို့ ပြောလို့ လာအားပေးတာလေ hyung ရောက်လာတာနောက်ကျသွားပြီထင်တယ် "

" nae "

Chanyeol က ဒီနေ့ တော့ ပေါ့ပေါ့ပါးပါးပဲ တီရှပ်လက်ရှည်မီးခိုးရောင်နဲ့  ဂျင်းဘောင်းဘီ အပြဲ အနက်ရောင်ကို ဝတ်လာပြီး ဦးထုပ် အနက်ရောင်လေးကို စောင်းထားတာကြောင့် ၂၈ နှစ်ဆိုတဲ့ အရွယ်နဲ့ မလိုက်အောင် အသက် ၂၀ ဝန်းကျင်လို့ ပဲ ထင်ရတယ်။

ထိုင်ခုံတွေကိုလည်း စားပွဲတွေပေါ်မှောက်ပြီးတင်ထားတာကြောင့်ဘယ်မှာထိုင်ရမှန်းမသိဖြစ်နေတဲ့ Chanyeol ဘေးနားသွားပြီး ထိုင်ခုံသေချာပြင်ပေးရင်း ပြောလိုက်တယ်။

" မုန့် တွေက ကုန်သွားပြီ .... ကော်ဖီတော့ သောက်လို့ ရပါသေးတယ် hyung ထိုင်ပါဦး ကျနော် ကော်ဖီဖျော်ပေးမယ် ဘာသောက်မလဲ ပြောလေ "

" အော် ဟို ... လွယ်လွယ်ကူကူ ရတဲ့ဟာပဲ ပေးပါ အလုပ်ရှုပ်မခံပါနဲ့  "

" ရပါတယ်ဗျ အမေရီကာနို ဖျော်လိုက်မယ်နော် "

" ဟင် အင်း ကျေးဇူး "

သူ Yixing ချပေးတဲ့ ခုံမှာဝင်ထိုင်ရင်း ဆိုင်ထဲကို ဟိုဟိုဒီဒီဝေ့ကြည့်နေတယ်။

Yixing လည်း Yifan ရဲ့ သူငယ်ချင်းဖြစ်နေတာက တကြောင်း သူအားကျတဲ့ ဂီတပညာရှင်ဖြစ်နေတာက တကြောင်းကြောင့် Chanyeol ကို လှိုက်လှိုက်လှဲလှဲ ဧည့်ခံပေးချင်စိတ်ဖြစ်မိတယ်။

" Yixing တယောက်တည်းလား ကျန်တဲ့လူတွေရော "

" ကျနော့်သူငယ်ချင်းတွေက ညစာချက်ဖို့  ဈေးသွားဝယ်ကြလို့ လေ ကျနော်လည်း စာရင်းတွက်ပြီးရင် ဆိုင်ပိတ်ဖို့ ပဲ ကျန်တော့တာမို့  သူတို့ ကို အရင်သွားခိုင်းလိုက်တာ "

Yixing က ကော်ဖီဖျော်ပြီးတော့ Chanyeol ရှေ့ က မှန်စားပွဲလေးပေါ် ကော်ဖီခွက်လာတင်ပေးတယ်။

နစ် [နစ်]Dove le storie prendono vita. Scoprilo ora