27. Hurt

2.4K 239 39
                                    

Incheon ဆေးရုံမှာ အရေးပေါ်ခန်းဆီကို ဘီးတပ်ထားတဲ့ လူနာတင်ကုတင်ကို အသည်းအသန်တွန်းရင်းပြေးလာကြတဲ့ nurse မ တချို့ နဲ့  ဆရာဝန်တွေ ယောက်ယက်ခက်နေတယ်။

ကုတင်ပေါ်မှာတော့ သတိလစ်မတတ်ဖြစ်နေတဲ့ Yixingက တကိုယ်လုံး သွေးမရှိတော့သလို ဖြူ ဖျော့နေပြီ။ ဒါပေမယ့် သူ့ မျက်လုံးတွေကို မမှိတ်ထားပဲ သူ့ ဘေးကုတင်ဘေးမှာ ပြေးလိုက်လာတဲ့ Chanyeo ရဲ့ လက်ကို ဆုပ်ကိုင်ရင်း

" hyung ... ဘာတွေ ... ပဲ ဖြစ် လာလာ သား ... သားလေးကို ရအောင်ကယ်ပေးပါနော် ... "

" Yixing စကားမပြောနဲ့ နော် . အားအရမ်းနည်းနေတယ် မျက်လုံးမှိတ်ထားနော် "

Chanyeol က စိုးရိမ်လို့ ပြောပေမယ့် Yixing ကတော့ ခေါင်းကို တွင်တွင်ခါရင်း

" ကျ ... ကျနော် သေရမယ် ဆိုရင်တောင် ... သားလေး ကိုတော့ .... ကယ်ပေးပါ hyung "

" အရေးပေါ်ခန်းထဲ ဝင်ရပါမယ် လူနာရှင် အပြင်မှာ စောင့်ပေးပါ "

nurse တွေက Chanyeol ကိုဝိုင်းတားပြီး အရေးပေါ် ခွဲစိတ်ခန်း တံခါးကို ပိတ်လိုက်တာကြောင့် Chanyeol အခန်းရှေ့ မှာ မတ်တပ်ရပ်ရင်းနဲ့ သာ အရူးမီးဝိုင်းဖြစ်နေတယ်။

သူ အရေးပေါ်ခန်းရှေ့ က ကြွေပြားခင်းထားတဲ့ ကြမ်းပြင်ပေါ်မှာသာ ထိုင်ချလိုက်တော့တယ်။ သူ့ လက်နှစ်ဖက်နဲ့  အဝတ်အစားတွေမှာလည်း Yixing ကို ပွေ့ ထားတုန်းက သွေးတွေစွန်းထင်နေတယ်။

သူ ကြံရာမရဖြစ်နေပြီး ဆံပင်တွေကို လက်နှဖက်နဲ့ ဆွဲဖွရင်းသာ ကြမ်းပြင်ပေါ် ခြေပစ်လက်ပစ် ထိုင်နေတော့တယ်။

######################

၎ နာရီ ကြာအောင် အရေးပေါ်ခန်းထဲမှာ ကုသပြီးတော့မှ သတိမရလာသေးတဲ့ Yixing ကို ကြည့်ရင်း Chanyeol ဖြည်မဆည်နိုင် ဖြစ်နေတယ်။

သွေးတွေဆက်တိုက်သွင်းထားတာတောင် မျက်နှာလေးက ဖျော့တော့နေတုန်းပဲ။ oxygen mask တပ်ထားပြီး အထူးကြပ်မတ်ကုသဆောင်ထဲ ပြောင်းထားရတဲ့ Yixing ကို ကြည့်ရတာ ဘယ်လိုမှ အားရစရာမရှိ။

" ကလေးရယ် ... ဘာကြောင့်များ ဒီလောက်တောင် ကံဆိုးရတာလဲကွာ hyung အသုံးမကျလို့ ဖြစ်ရတာ ... တခဏလေးတောင် အနားက မခွာပဲ စောင့်ရှောက်ပေးရမှာကို ... hyung ရင်နာလွန်းလို့ ဘယ်လိုလုပ်ရမလဲ ... ကလေး ကို ဘယ်လို မျက်နှာချင်းဆိုင်ရပါ့မလဲ ကလေးရယ် ..."

နစ် [နစ်]Where stories live. Discover now